အီတလီမြောက်ပိုင်း ကန်ဒါမြို့မှာမွေးဖွားသည်။ (၁၀)နှစ်အရွယ်မှာ မိဘမဲ့ဖြစ်ခဲ့ရရှာသည်။ အသက်(၁၃)နှစ်အရွယ်မှာ သူ၏သန့်ရှင်းဖြူစင်ခြင်းနှင့် ဝိညာဉ်ရေးကြိုးစားမှုများကို ထင်ရှားစွာတွေ့မြင်ရလေသည်။ ရှင်ဖရန်စစ်၏ဂိုဏ်း တတိယဥပဒေကို လိုက်ကျင့်သူများဂိုဏ်းသို့ ဝင်သည်။ ပညာရေးနှင့်ကျန်းမာရေးအတွက် ပူဇော်သည်။ ၁၄၉၅ခုနှစ်၌ မိန်းကလေးများအား ကြည့်ရှုရန်အလိုရှိကြောင်းကို ဘုရားသခင်က ထင်ရှားပြသည်။ သို့သော် နိုင်ငံရေး၏ အနှောက်အယှက်ကို ခံရလေသည်။ (၁၀)နှစ်ကြာသောအခါ ဘရီရှား၌ အမျိုးသမီး(၁၂)နှင့်အတူ အမျိုးသမီးများ၏ပညာရေးကို မြှင့်တင်ရန်အတွက် စစ္စတာရ်ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်လေသည်။ မကြာခင် အဖွဲ့ဝင်ပေါင်း(၇၂)အထိ ဖြစ်လာ၍ ဆေးရုံနှင့် အကျဉ်းထောင်များတွင် ကြည့်ရှုသင်ကြားခြင်းများကို ပြုလုပ်ကြသည်။ (၅)နှစ်ကြာသောအခါ စိန့်အန်ဂျေလားသေဆုံးရှာသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)