ဧက္ကရာဇ်မင်းဖရက်ဒရစ်နှင့် ဆွေမျိုးတော်စပ်သည်။ အသက်(၅)နှစ် အရွယ်မှစ၍ ဘေနဒစ်တင်ရသေ့ဂိုဏ်း မွန်တေကာဆီနိုမြို့တွင် ပညာသင်ကြားခဲ့သည်။ အသက်(၁၁)နှစ်အရွယ်ရောက်သောအခါတွင် နယ်ပါလ်ယူနီဗာစတီတက်ရောက်ခဲ့သည်။ (၁၈)နှစ်တွင် ဒေါမိနစ်ကန်ဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်။ မိဘဆွေမျိုးများက အသက်ငယ်ရွယ်သေး၍လည်းကောင်း၊ ရသေ့ဂိုဏ်း(တောင်းစားသည့်ဂိုဏ်း)သို့ဝင်သည်ကို တားဆီးသည့်အနေဖြင့် ရဲတိုက်မြင့်အခန်းမှာ (၂)ခန့်ထောင်ကျစေခဲ့သည်။ သို့သော် ဒေါမိနစ်ကန်ဂိုဏ်းဝင်ရသေ့တစ်ပါးက စိန့်ပေါလူးအား ထောင်မှလွှတ်မြောက်ရန် ကူညီပေးသကဲ့သို့ ကူညီပေးခဲ့သဖြင့် ထောင်မှလွတ်ခဲ့သည်။ ပြင်သစ်ပြည်ရှိ ပါရီမြို့မှာ စိန့်အဲလ်ဘက်လက်အောက်တွင် ပညာပါရမီရယူခဲ့သည်။ ရဟန်းသိက္ခာခံယူပြီး စာချဘုန်းတော်ကြီးအဖြစ် ဓမ္မတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်ခဲ့သည်။ ဓမ္မသင်္ဂြိုလ်ပညာရပ် (သီအိုလော်ဂျီ) ပါရဂူဘွဲ့ရခဲ့သည်။ သူရေးသားပြုစုခဲ့သည့် သီအိုလော်ဂျီ၊ ဖီလော်ဆိုဖီပညာရပ်သည် ဘုရားသခင်၏အလင်းကျေးဇူးတော်ကြောင့် ရှိသည်ဟုယုံကြည်သည်။ ဘုရားသခင်ထံဆုတောင်းပြီးမှ လေ့လာလေ့ရှိသည်။ ကျမ်းစာများကို အနက်မဖွင့်ခင် အစာရှောင်ခြင်း၊ ဆုတောင်းခြင်းအမှုပြုသည်။ ကိုယ်တော်မြတ်နှင့်ဆိုင်ရာ မစ္ဆားပူဇော်ရာတွင် ရွတ်ဆိုသည့်မေတ္တာများကို ပုပ်ရဟန်းမင်းကြီးက သူ့အားရေးသားဖွဲ့ဆိုခိုင်းသည်။ လေယွန်အစည်းအဝေးကြီးသို့အသွားတွင် ကွယ်လွန်ခဲ့ရရှာသည်။ ကက်သလစ်ဓမ္မတက္ကသိုလ်ကျောင်း၊ ကောလိပ်နှင့် ကျောင်းများကိုးစားရာ ရဟန္တာကြီးဖြစ်သည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)