သူမသည် အင်္ဂလိမ်လူမျိုးတစ်ဦးဖြစ်သည်။ သူမအား နီထရောနှင့်ဘူကန်ဒီပူကလောပိစ်(၂)ထံ ငွေဝယ်ကျွန်အဖြစ် အရောင်းခံရသည်။ သူမ၏ချောမောလှပမှုနှင့် ခရစ်ယာန်ပီသမှုကို ဘုရင်ကသဘောကျသည်။ ၆၄၉ခုနှစ်တွင် ဘုရင်ကလက်ထပ်ယူခဲ့သည်။ ဘုရင်ကလောပိစ်ကွယ်လွန်ပြီးနောက် မိဖုရားဘာတီဒစ်သည် (၅)နှစ်အရွယ်သားအား ဘုရင်ခံအဖြစ် ကြေငြာသည်။ ဆရာတော်ကြီး၏အကူအညီဖြင့် ခရစ်ယာန်ကျွန်များ လွတ်မြောက်ခြင်းကို ဘာတီဒစ်တို့ ကြိုးစားလုပ်ဆောင်သည်။ ဆင်းရဲဒုက္ခရောက်သောသူများအား ကူညီလေ့ရှိသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)