ငယ်ရွယ်စဉ်ဘဝမှစ၍ သခင်ခရစ်တော်နှင့် မယ်တော်သည် ဂျွန်ဘောစကိုအား ထင်ရှားပြလေ့ရှိသည်။ အီတလီမြောက်ပိုင်းဒေသတွင် နေထိုင်သော လယ်သမားသားတစ်ဦး ဖြစ်သည်။ နူးညံ့သိမ်မွေ့ခြင်းနှင့် ကြင်နာမေတ္တာအားဖြင့် ပျက်စီးနေသောလူငယ်များအား ကူညီရန် ကြိုးစားခဲ့သည်။ တူရင်မြို့မှာ ရဟန်းသိက္ခာကို ခံယူပြီး သူ၏ရည်ရွယ်ချက်အတိုင်း ကလေးသူငယ်များအား စုရုံးပြီး ဖျော်ဖြေခြင်း၊ သီဆိုခြင်းများဖြင့် ကောင်းသောအကျင့်သို့ ဆွဲဆောင်သည်။ ဆုတောင်းမေတ္တာများဖြင့် ဆုံးမသွန်သင်ခြင်း ပြုလုပ်သည်။
၁၈၄၅ခုနှစ်တွင် လူငယ်ပေါင်း(၈၀၀)ကျော်ကို စုရုံးနိုင်ခဲ့သည်။ သူ့အားကူညီထောက်ပံ့သော သူများရှိလာသောအခါ ညပိုင်းများတွင်လည်း ပညာသင်ကြားပေးခြင်းများကို ပြုလုပ်ခဲ့သည်။ တူရင်မြို့မှာ ဆလေးရှင်းကျောင်းကို စိန့်ဖရန်စစ်ဒေဆေးလ်နှင့် ခရစ်ယာန်တို့အား မှိုင်းမကာကွယ်စောင့်ရှောက်သော မယ်တော်သခင်မ၏ ကူညီစောင့်ရှောက်မှုအောက်မှာ ဖွင့်လှစ်ခဲ့သည်။ စက်မှု၊ လက်မှု၊ လက်သမား၊ ဝပ်ရှော့လုပ်ငန်းများကိုလည်း ဖွင့်လှစ်ပေးခဲ့သည်။ ဤနည်းများအားဖြင့် ဘုရားစကားသင်ပေးခြင်း၊ မစ္ဆားတရားပူဇော်ခြင်း၌ ပါဝင်ခြင်းတို့အားဖြင့် လူတိုင်း၏နှလုံး၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သွင်းပေးသည်။ မကြာခင် ဆလေးရှင်းဘုန်းတော်ကြီး (၂၅၀၀)ပါး သိက္ခာခံယူခဲ့ပါသည်။
#Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)