Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#1 February 2021 #St. John of Matha, စိန့်ဂျွန် (မာတာ) (1160-1213) #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe

ပြင်သစ်ပြည် အရှေ့တောင်ပိုင်းမှာ မွေးဖွားခဲ့သည်။ ငယ်စဉ်ကတည်းကစပြီး ဘုရားသခင်အား အစေခံရန် ဆုံးဖြတ်ခဲ့သည်။ ငယ်ရွယ်စဉ်ဘဝမှာလည်း ဆင်းရဲသားများအားကူညီရာ နာမည်ကျော်ကြားသည်။ ရဟန်းဖြစ်သင်ကျောင်းသို့ဝင်၍ ဘုန်းကြီးဖြစ်လာသည်။ ပဲရစ်မြို့ ဆရာတော်ကြီး သီတင်းသုံးနေထိုင်သည့် ဘုရားကျောင်းငယ်မှာ ပထမဦးဆုံးမစ္ဆားတရားပူဇော်ရာ ဘုရားသခင် တန်ခိုးလက္ခဏာပြခဲ့သည်။ ရင်ဘတ်ပေါ်မှာ ဝတ်ရုံတော်ဝတ်ဆင်သည့် သိကြားတမန်က အပြာရောင်နှင့် အနီရောင် ကားတိုင်ပါသည်။ လက်မောင်းတစ်ဖက်စီတွင် အဖြူရောင်နှင့် အညိုရောင် ဝတ်ဆင်သည့် ခရစ်ယာန်ကျွန်နှစ်ယောက်က ကာကွယ်မထူသည်။ သက်တော် ခုနှစ်ဆယ် (၇၀)ရှိသည်။ ရှင်ဖိလစ်သည် တစ်ဦးတည်း တရားကျင့်ခဲ့သည်။ ၁၁၉၇-၉၈တွင် ရောမမြို့မှ (Innocent III) အင်နိုဆင့်တတိယမြောက်က တရားကျင့်သည့် ဂိုဏ်းသစ်အား အသိအမှတ်ပြုလိုက်သည်။ ပုပ်ရဟန်းမင်းကြီးက ရသေ့ဂိုဏ်းသစ်အား လာတဲရန်ဘုရားကျောင်းတော်ကြီးတွင် လက်ခံကြိုဆိုခဲ့သည်။ ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူအားဖြင့် ကယ်တင်ခြင်းဟူ၍ အခွင့်ပြုခဲ့သည်။ ကျောင်းတစ်ကျောင်းမှာ ဘရာသာရ်(၇)ပါး အမြဲနေထိုင်သတင်းသုံးရန် ပထမဥပဒေအဖြစ် အတည်ပြုခဲ့ကြသည်။ နောက်ဆုံး ဘရာသာရ်(၃)ပါး အနည်းဆုံးနေရန်ဖြစ်သည်။ ၁၂၀၂ နှင့် ၁၂၁၀ ခုနှစ်တွင် ရှင်ဂျွန်(မာတာ)သည် တူနီမြို့သို့ သွားခဲ့သည်။ အော်စီယာမြို့သို့ ခရစ်ယာန်ဘာသာများစွာနှင့် ပြန်လာခဲ့သည်။ ဆင်းရဲသားများအတွက် အလှူတော်ငွေအား ရသေ့များက ကောက်ခံရာတွင် အောင်မြင်မှုများစွာရသည်။ ကျွန်များ၊ သုံ့ပန်းများအား ရွေးယူရန်အတွက် ရသေ့များက အလှူငွေ ကောက်ခံကြသည်။ ကျွန်တစ်ပေါက်ဘဝမှ လူပေါင်းများစွာအား ကယ်ဆယ်နိုင်သည်။ (The New Order) ဂိုဏ်းသစ် လျင်မြန်စွာ ပျံ့နှံ့သည်။ နေရာတစ်ရာလောက် တည်ထောင်နိုင်သည်။ နှစ်သုံးဆယ်အတွင်း ၅၀၀ နေရာတည်ထောင်နိုင်သည်။ ဒုက္ခရောက်သူများဖြစ်သည့် သုံ့ပန်း ဖမ်းဆီးချုပ်နှောင်ခံသူများ (၉၀၀၀) ကိုးထောင်ကျော်အား ကယ်တင်ခဲ့ကြသည်။

 #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

ရဟႏာၱ