ယနေ့အသင်းတော်က မယ်တော်သခင်မ ဂျေရုဆလင်မြို့သို့သွား၍ သူငယ်တော်အား ပူဇော်အပ်နှံခြင်းကို ဂုဏ်ယူစွာကျင်းပသည်။ မောရှေဥပဒေကို လေးစားသောအားဖြင့် ကလေးသူငယ်မွေးဖွားပြီး ရက်ပေါင်း(၄၀)ပြည့်ပါက ဗိမာန်တော်သို့ သန့်ရှင်းစွာ ဆက်ကပ်ရန် လိုက်နာခဲ့သည်။ ခိုနှစ်ကောင် (သို့) ချိုးငှက်နှစ်ကောင် ပူဇော်ဆက်သခဲ့သည်။ ပရောဖက်များ ဟောထားချက်ပြည့်စုံစေခြင်းငှာ စီမေအုန်သူတော်မြတ်သည် ယေဇူးသူငယ်တော်အား ပွေ့ချီလျက် (ရှင်လုကာ ၂း၃၂၊၃၈) ကိုယ်တော်၏လူ ဣသရေလလူမျိုးကို ချီးမြောက်စေခြင်းငှါ၎င်း၊ တစ်ပါးအမျိုးသားတို့ကို လင်းစေခြင်းငှါ၎င်း၊ လူအမျိုးမျိုးတို့ရှေ့မှောက်၌ ပြင်ဆင်တော်မူသော အလင်းတည်းဟူသော ကယ်တင်သောသခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စိနှင့် မြင်ရပါ၏ဟု မြွက်ဆို၏။ သူသည်လည်း ထိုခဏခြင်းတွင်ဝင်၍ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ဂျေရုဆလင်မြို့၌ ရွေးနှုတ်ခြင်းအရာကို မျှော်လင့်သောသူအပေါင်းတို့အား ထိုသူငယ်၏အကြောင်းကို ပြောလေ၏။ ဂျူးလူမျိုးတို့ဝိနည်းထုံးစံသည် ကလေးသူငယ်မွေးပြီး မိခင်အား ကောင်းကြီးမင်္ဂလာပေးခြင်းနှင့် ယခုအသင်းတော်မှာ တူညီကြောင်းသိရသည်။ ကက်သလစ်အသင်းတော်မှာလည်း မိခင်နှင့်ကလေးပါ ဆုတောင်းမေတ္တာပို့သ ကောင်းကြီးအင်္ဂလာပေးခြင်းနှင့် ကလေးသူငယ်အား ဆေးကြောခြင်းမင်္ဂလာပေးရသည်။ သူငယ်တော်အား ဗိမာန်တော်မှာဆက်သပွဲသည် (၃)ရာစုနှစ်လောက်က ဖြစ်ပေါ်လာသည်။ AD 526 ခုနှစ် ဂျန်(စ်) တင်နား(၁) လက်ထက်မှာ အရှေ့အင်ပါယာအားလုံး ကွန်စတန်တီနိုပိုတစ်ခုလုံး သူငယ်တော်ဆက်သပွဲတော်ကြီးအဖြစ် ကျင်းပရန် ကြေညာသည်။ (၁၁) ရာစုတွင် ဖယောင်းတိုင်ကောင်းကြီးပေးခြင်း စတင်သည်။ ဖယောင်းတိုင် (မီး) မစ္ဆားဟုခေါ်ကြသည်။ ဖယောင်းတိုင်မီးထွန်း၍ စီတန်းလှည့်ကာ ခရစ်တော်ကယ်တင်ရှင်အသင်းသည် တခြားအမျိုးသား (ဇင်ဒေဦးလူမျိုးများ) အပေါ်သက်ရောက်ကြောင်းနှင့် သူငယ်တော်ယေဇူး ဗိမာန်တော်သို့ ဆက်သကြောင်းကို ဖော်ပြသည်။ အထူးသဖြင့် အာမေနီးယားအသင်းတော်မှာ ပိုမိုရိုသေသမှုပြုကြသည်။ ဂရိတ်ဝိနည်းမှာ ကယ်တင်ရှင်နှင့်တွေ့ဆုံခြင်း၊ မယ်တော်နှင့် သူတော်မြတ်စီမေအုန်၊ အာနားတို့ ဗိမာန်တော်၌ ဆက်သခြင်းကို ထင်ရှားစေသည်။
၈ ရာစုနှစ်တွင် စိန့်ဂျွန်ဒါမစ်ဆင် စပ်ထားသည့်သံစဉ်များဖြင့် စီတန်းလှည့်ရာတွင် ကွာယာသီချင်းများ သီဆိုကြသည်။ Benedicts Dominus Deus Israel…………….
ရဟန်းက သူငယ်တော်ပုံအား ပွေ့ချီလျက် ဘုရားကျောင်းတော်သို့ ဝင်လာကြသည်။
#Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)