စိန့်ဘလေ့စ်အတ္ထုပ္ပတ္တိကို ခရူးဆိတ်စစ်ပွဲအချိန်မှာ အနောက်နိုင်ငံတွင် ထင်ရှားခဲ့သည်။ ဆရာဝန်ကြီး (ဒေါက်တာ) တစ်ဦးလည်းဖြစ်ခဲ့သည်။ ရဟန်းဘောင်သို့ဝင်၍ ဆရာတော်လည်းဖြစ်သည်။ သူ့မွေးဇာတိ အာမေနီးယားနိုင်ငံ ဆေဘစ်တေမြို့မှာ ဆရာတော်ကြီးသည် တာဝန်ထမ်းဆောင်ခဲ့သည်။ လီဝီနီအူစ်လက်ထဲ၌ ဧက္ကရာဇ်မင်းကွန်စတင်နယ်တလျှောက် ခရစ်ယာန်များအား ညှင်းပန်းနှိပ်စက်ခဲ့သည်။ ဆရာတော်ကြီးဘလေ့စ်အား ဖမ်းဆီးချုပ်နှောင်ပြီး သစ်သားဘီးဖြင့် နှိပ်စက်ခံရသည်။ ခရစ်တော်သခင်အား သစ္စာဆိုငြင်းပယ်ရန် လက်မခံသည့်အတွက် ခေါင်းဖြတ်ခြင်း ခံရရှာသည်။ ဤနည်းဖြင့် ခရစ်တော်အတွက် ခေါင်းဖြတ်အသက်ပေးသည်။ အထူးသဖြင့် လည်ချောင်းမှာ ငါးရိုးစူးသည့်လူငယ်အား ကယ်တင်နိုင်ခဲ့သည့်အတွက် လည်ချောင်းနာသူတို့အတွက် ကိုးစားရန် ရဟန္တာအဖြစ် ထင်ရှားသည်။ သူ့ပွဲနေ့မှာ ရဟန်းဘုန်းတော်ကြီးများက ဘာသာတူများအား လည်ပင်းမှာ ဖယောင်းတိုင်ဖြင့် စိန်အန္ဒြေူးကားတိုင်ပုံဖြင့် ပရိတ်မေတ္တာရွတ်ဆို၍ ကောင်းကြီးမင်္ဂလာပေးကြသည်။ အလယ်ခေတ်က စိန့်ဘလေ့စ်သည် ရောမတစ်ခွင် နာမည်ကျော်ကြားသည်။ ဘုရားကျောင်းကြီး (၃၀)ကို စိန့်ဘလေ့စ်အား မှိုင်းမသောကျောင်းအဖြစ် နာမည်ပေးသမုတ်ခေါ်ကြသည်။ သူသည် (၁၄)မျိုး ကူညီနိုင်သူဖြစ်သည်။ သိုးမွေးထည်၊ ဘီးလုပ်ငန်း၊ ဖယောင်းစက်ဆောက်လုပ်သူ၊ ဆရာဝန်များ ကိုးစားရသည့် ရဟန္တာဖြစ်သည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)