ဒုန်မေဒရို (၂)သည် ငယ်ရွယ်စဉ်ကစပြီး ရိုးသားသန့်ရှင်း စံနမူနာယူစရာကောင်းသည်။ မိဘများသည် ချမ်းသာသူဖြစ်သည်။ ဂျွန် ဒီဘရီတို ငယ်ရွယ်စဉ်က အပြင်းဖျားနာရာ ဘုရားတရားကြည်ညိုသူမိခင်က သားအား လိစ်ဘုံမြို့ရှိ စိန့်ဖရန်စစ်ဇေးဗီးယား အားကိုးအကူညီတောင်းခဲ့သည်။ မကြာခင် ကလေးသူငယ် ကျန်းမာလာသည်။ မိခင်ကသူငယ်အား ယေဇူးဂိုဏ်းဘုန်းကြီးများဝတ်ရုံကို တစ်နှစ်လောက် ဝတ်စေသည်။ ဂျွန်လည်း တမန်တော်လုပ်ငန်း၌ ပါဝင်လှုပ်ရှားချင်သည့်စိတ် ဝင်လာသည်။ သာသနာပြုဝတ်ရုံကို အမြဲဝတ်ချင်သည်။ သူ့ဘဝကို ဘုရားတရားမကြည်ညိုသူတို့အား စိတ်ပြောင်းလဲစေရန် အပ်နှံသည်။ အသက်(၁၅)နှစ်ပြည့်သောအခါ ယေဇူးဂိုဏ်းသို့ဝင်ရန် လျှောက်လွှာတင်သည်။ သူ့အလိုပြည့်စုံသည်။ ပညာရေးထူးချွန်သည်။ ရဟန်းသိက္ခာရပြီး ပေါ်တူဂီပြည်၌ အမှုထမ်းခဲ့သည်။ (၁၆၇၃) ခုနှစ်တွင် ဂိုအာ (Goa)သို့ သာသနာပြုရန် သူငယ်ချင်း (၁၆)ယောက်နှင့် ထွက်ခွာကြသည်။ အခက်အခဲမျိုးစုံ ကျော်လွှားသည်။ အိန္ဒိယပြည်တောင်ပိုင်း သာသနာပြုလုပ်ငန်း အောင်မြင်စွာ လုပ်ကိုင်ခဲ့သည်။ မိခင်က အိန္ဒိယပြည်သွားမည့်သားအား ဟန့်တားသည်။ တာဝန်ရှိပုဂ္ဂိုလ်များအား မစေလွတ်ရန် တောင်းပန်သည်။ ဂျွန်မူကား ဘုရားသခင်က ကျွန်ုပ်အား ပေါ်တူဂီပြည်မှ အိန္ဒိယလူမျိုးအတွက် အမှုထမ်းရန် ဘုရားသခင်ကခေါ်ကြောင်း ပြောကြားခဲ့သည်။ မကြာခင် မာဒုရာသာသနာ အကြီးအကဲဖြစ်လာသည်။ ကျယ်ဝန်းလှသောနယ်အား ခြေကျင်ခရီးဖြင့် လှည့်လည်တရားဟောခဲ့သည်။ သူနှင့်အတူလုပ်သောသူများက အနောက်တိုင်း (ဥရောပ)သို့ သူဘယ်လောက် ဘုရားတရားကြည်ညိုလေးစား၍ ကြိုးစားအလုပ်လုပ်ကြောင်း ချီးမွမ်းစာပို့ကြသည်။ မကြာခင် ချမ်းသာသူတစ်ဦးအား ခရစ်ယာန်ဖြစ်စေခဲ့သည်။ ၁၄ နှစ်တိုင်တိုင် တရားဒေသနာတော်ဟောခြင်း၊ ဆေးကြောခြင်းမင်္ဂလာပေးခြင်းစသည့် ခရစ်တော်အတွက် မြောက်များစွာသောသူတို့အား ဘာသာသွင်းသည်။ ညှင်းပန်းနှိပ်စက်ခြင်းစသည့် ဒုက္ခအမျိုးမျိုးကြုံခဲ့သည်။ ပြည်နှင်ဒဏ်ပေးခြင်းခံရသည်။ အတင်း ပေါ်တူဂီပြည် ပြန်ခိုင်းကြသည်။ သူ့လုပ်ငန်းကို မေတ္တာတရားထားသည့်အတွက် အိန္ဒိယပြည်သို့ ပြန်သွားသည်။ မကောင်းသည့်အမျိုးသမီး၏ ကုန်းတိုက်ခြင်းဖြင့် အပြစ်ဒဏ်ခံရသည်။ နောက်ဆုံး သူ့အား ခေါင်းဖြတ်သတ်ခဲ့သည်။ ခရစ်တော်အတွက် အသေခံရန် စောင့်စားသည်။ စိတ်ရှည်စွာစောင့်သည်ဟု သူ့အကြီးအကဲအား စာရေးခဲ့သည်။ ဆုတောင်းပြည့်ခဲ့သည်။ ငါ့ဒုက္ခနှင့်လုပ်ငန်းအား အောင်မြင်ခြင်းအထိမ်းအမှတ်ဖြစ်ကြောင်း ဖော်ပြသည်။ ဂျွန်၏သတင်းသည် လီ(စ်)ဘုံမြို့သို့ရောက်သော် ဘုရင်ပက်ဒဂိုနှင့် ဂျွန်မိခင်သည် ပွဲကျင်းပသည်။ ၁၉၄၇ခုနှစ်တွင် ဂျွန် ဒီဘရီတိုသည် ရဟန္တာတင်မြောက်ခြင်း ခံရသည်။
#Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)