သူသည် ငယ်ရွယ်စဉ်က ဘုရားအားပေးဆပ်သည်။ မိဘနှစ်ပါးသည် ချမ်းသာကြွယ်ဝသူဖြစ်သည်။ သူမအား လက်ထပ်ရန် စေ့စပ်ကြသည်။ အထူးသဖြင့် ကွီတင်ဆိုသူပညာရှိ ဂုဏ်ရှိသူက သူမအား စိတ်ဝင်စားသည်။ ဧက္ကရာဇ်မင်းအာဏာဖြင့် ခရစ်ယာန်တို့အား ဆန့်ကျင်ရန် ကွီတင်က ဘုရင်အား တိုက်တွန်းသည်။ သူမသည် ကွီတင်အား လက်ထပ်ရန် ငြင်းဆန်မြဲငြင်းဆန်သည်။ အာဂါတားအား ပြည့်တန်ဆာအိမ်သို့ ခေါ်ဆောင်ရန် ကွီတင်က အမိန့်ပေးသည်။ ဆင်းရဲဒုက္ခနှင့် မကောင်းမှုပြုမည့်အစား ဘုရားအတွက် အသေခံရန် ဆန္ဒရှိသည်။ တစ်လလောက်ချုပ်နှောင်ပြီး ကွီတင်က သူမအား သွေးဆောင်သော်လည်း သူမက ခရစ်တော်သည် ငါ၏အလင်းနှင့် ကယ်တင်ရှင်ဖြစ်ကြောင်း ရဲရင့်စွာ ဆက်လက်ထုတ်ဖော်၍ သက်သေခံသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးအား ချွန်ထက်သောသံများဖြင့် ထိုးနှက်ခံရသည်။ အကျဉ်းထောင်မှာပြန်ချ၍ အစာမကျွေး၊ ဆေးမကုသဘဲ ဒဏ်ရာများနှင့်ထားသည်။ သို့သော် ဘုရားသခင်တန်ခိုးတော်အားဖြင့် လိုအပ်သည့်အရာ ပြည့်စုံစေသည်။ သံပေတရုပေါ်လာ၍ သူမအားကုသပေးခြင်း၊ ကျွေးမွေးခြင်းပြုခဲ့သည်။ ထို့ကြောင့် အာဏာပိုင်များ အံ့ဩခဲ့ကြသည်။ ဒုတိယအကြိမ် ကွီတင်ရှေ့မှောက်သို့ ခေါ်ဆောင်လာကြသည်။ ဘုရားအား ရဲရင့်စွာသက်သေခံ သန့်ရှင်းစွာ ကာကွယ်သည်။ သူမအား တုံးလုံး(အဝတ်အားလုံးချွတ်ခွါ) ထား၍ ကတ္တရာစေးပူ လောင်းခြင်း၊ ပုလင်းကွဲဖြင့် ထိုးနှက်ခြင်းခံရသည်။ မကြာခင် မြေငလျင်လှုပ်၍ ကွီတင်သည် ထွက်ပြေးခဲ့ရသည်။ နောက်ဆုံး ရှင်အာဂါတားသည် စကားဆိုသည်မှာ “သခင်၊ ငါ၏ဖန်ဆင်းရှင်၊ ငါ့အား အမြဲမကောင်းမှုမှ ကာကွယ်သည်။ လောကရေးရာ တပ်မက်ခြင်းမှ ကာကွယ်သည်။ သည်းခံခြင်းကျေးဇူး ပေးသနားသည်ဟု ဆိုသည်။ ငါ၏ဝိညာဉ်အား လက်ခံသိမ်းပိုက်တော်မူပါဟု ဆိုသည်။ ငါ၏ဝိညာဉ်အား လက်ခံသိမ်းပိုက်တော်မူပါဟု ဆို၍ အသက်ထွက်သည်။ ခရစ်တော်သခင်အား သန့်ရှင်းဖြူစင်ခြင်းအားဖြင့် အပ်နှံပူဇော်ခဲ့သည်။ ခရစ်တော်သခင်က အာဂါတား၏ ခန္ဓာကိုယ်အား အမြဲထင်ရှားပြသည်။ အက်နားတောင်ဖျက်ဆီးရာ၌ ကာတာနီးယားလူတို့သည် စိန့်အာဂါတား၏ ဇာတဘက်အား ရိုသေတမုတ်ပြုခြင်း ပြုကြသည်။ သူမ၏သင်္ချိုင်းဂူတူးဖော်ဖွင့်ရာ သူမ၏ခန္ဓာကိုယ် မပျက်စီးဘဲရှိကြောင်း တွေ့ရသည်။ အနံ့အသက်မရှိဘဲ ပကတိအတိုင်း မွေးကြိုင်မြဲ မွေးကြိုင်နေသည်။ သန့်ရှင်းသောဗိမ္မာန်တော်၌ ထားရှိကြသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)