Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#6 February 2021 #St. Gonzalo Garcia (Martyr), စိန့်ကွန်ဇာလို ကာရ်ဆီယား (ဓမ္မအာဇာနည်) (1556-1597) #Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe

ပုပ်ရဟန်းမင်းကြီး နဝမမြောက်ပီအုစ် (Pius IX) က ခရစ်တော်အတွက် အသေခံသောတစ်စုအား ရဟန္တာတင်မြောက်ခဲ့သည်။ ယေဇူးဂိုဏ်းဝင် (၃)ယောက်၊ ဖရန်စစ္စကန် (၆)ယောက်နှင့် ၁၇ဦးသည် သာမန်ဘာသာဝင်များ ဖြစ်ကြသည်။ ရှင်ကွန်ဇာလိုကာရ်ဆီယားလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ဘာဆင်ရှိ ဘုံဘေမြို့ဇာတိဖြစ်သည်။ ဘာဆင်ကောလိပ်မှာ ပညာပါရမီ ဆည်းပူးခဲ့သူဖြစ်သည်။ ရာဇဝင်သမိုင်းအရ ရှင်ကွန်ဇာလိုကာရ်ဆီးယားသည် ဘုံဘေမြို့မှာ မွေးဖွားပြီး ၁၅-၁၆နှစ်အရွယ်မှာ ဂျပန်ပြည်သို့ ပြောင်းခဲ့သည်။ သူသည် ယေဇူးဂိုဏ်းက ဘုန်းတော်ကြီး ဆေဘက်စတီးယားနှင့် ဂျပန်ပြည်သို့ လိုက်ပါသွားဟန်တူသည်။ ၁၅၇၄-၁၅၈၂ခုနှစ်၌ ဂျပန်ပြည်ရောက် ၈-နှစ်အကြာတွင် ဖာသာရ်ဆေဘက်စတီးယားလက်အောက်၌ ဓမ္မဆရာအမှုတော်ထမ်းကြောင်း တွေ့ရသည်။ ၈-နှစ်အတွင်း ဘုန်းတော်ကြီးထံမှာ ယေဇူးဂိုဏ်းသို့ ဝင်ခွင့်တောင်းခဲ့သည်။ သို့သော် သူ့အား လက်မခံကြပါ။ ဖရန်စစ္စကင်ရဟန်းဂိုဏ်းသို့ဝင်ရန် ကြိုးစားကြပြန်သည်။ မကြာခင် ဂျပန်ပြည်မှ ထွက်ခွါ၍ မကာအိုနိုင်ငံသို့ ရောက်သည်။ ဘုရားအတွက် အမှုတော်ထမ်းချင်စိတ် မရှိတော့ပါ။ ပေါ်တူဂီကုန်သည်များနှင့် ပူးပေါင်း၍ စီးပွားရေးလုပ်သည်။ ၁၅၈၆ခုနှစ်တွင် အောင်မြင်လာသည့်အတွက် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ သွားရောက်သည်။ မနီလာရောက်သော် သာသနာအမှုတော်ထမ်းရန် စိတ်ပါဝင်လာပြန်သည်။ ထို့ကြောင့် စေရာဖီအော်ဒါ ဘရာသာရ်ကျောင်းသို့ ဝင်ရောက်သည်။ ဖရန်စစ္စကင် ဘရာသာရ်ကျောင်းနေစဉ် မီးဖိုချောင်နှင့် ထမင်းစားခန်းမှာ တာဝန်ယူသည်။ စျေးဝယ်နေရသည့်အတွက် မနီလာရှိစျေးဆိုင်၌ နာမည်ကျော်သည်။ သို့သော် ကုန်သည်ဘဝ၌ ကျင်လည်ခဲ့ကြောင်း အဘယ်သူမျှမသိပါ။ မမျှော်လင့်ဘဲ ဂျပန်လူမျိုးများနှင့် မနီလာမှာ အဆက်အသွယ်ပြုခဲ့သည်။ အထူးသဖြင့် ဆေးရုံတက်သည့် ဂျပန်လူမျိုးများအား ဂျပန်ဘာသာစကားဖြင့် ပြောဆိုဆုတောင်းရသည့်အတွက် ဂျပန်လူမျိုးများနှင့် ရင်းနှီးခဲ့သည်။ ဤနည်းအားဖြင့် သူသည် ခရစ်တော်အတွက် အသေခံရန် လမ်းစဖြစ်လာသည်။ မနီလာရှိ ဖရန်စစ္စကင်ဘုန်းကြီးများ ဂျပန်ပြည်သို့ သာသနာပြုလုပ်ငန်းစရာ ဘရာသာရ်ကွန်ဇာလိုကာရ်ဆီယားအား ဖာသာရ်ပက်ဒဂိုဘတ်တီစ်တာနှင့် အတူ အမှုထမ်းရန် တာဝန်ကျသည်။ ၁၅၉၂ခုနှစ်တွင် မနီလာမြို့မှ သင်္ဘောဖြင့် ဂျပန်သို့ထွက်ခွါကြသည်။

ပထမတွင် သူ၏အကြီးအကဲအတွက် ဘာသာပြန်ဆိုပေးသူဖြစ်သည်။ သာသနာပြုများ၏ ဆက်သွယ်ပေးသူဖြစ်လာသည်။ ကွန်ဗင့်များ၊ ဘုရားကျောင်းများ၊ အနူရုံများစသည့် အဆောက်အအုံများ ဆောက်လုပ်ရာသူသည် Contrator (ကွန်ထရက်တာ) ဖြစ်၍ အဆောက်အအုံများကို တာဝန်ယူသည်။ ဤကဲ့သို့ သာသနာအမှုထမ်းရသည်။ ၁၅၉၇ ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် အပေါင်းအဖော်များနှင့် နာရစကိမြို့တွင် တရားတော်အတွက် အသေခံရသည်။ ကားတိုင်ပေါ်တွင် အသတ်ခံရသည်။

 #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

ရဟႏာၱ