ဖေဖော်ဝါရီလ-၁၁ရက်နေ့မှ ဇူလိုင်-၁၆ရက်နေ့အထိ ၁၈၅၈-ခုနှစ် ၁၄-နှစ်အရွယ်မိန်းကလေး ဘက်နဒက်ဆိုဖီရာစ်အား ၁၈ကြိမ် လုဒ်မြို့အနီး မာဘာဘီလေဂူ၌ မယ်တော်ထင်ရှားပြခဲ့သည်။ ပြင်သစ်ပြည်တောင်ပိုင်း လုဒ်မြို့အနီး (ပီရေနီတောင်ခြေ) တစ်နေရာဖြစ်သည်။ ကမ္ဘာပေါ်မှာ ထင်ရှားကျော်ကြားသော လုဒ်မယ်တော်ဖြစ်သည်။ ကိုယ်ခန္ဓာကျန်းမာခြင်းနှင့် ဝိညာဉ်ကျန်းမာခြင်းစသည့် လိုအပ်သည့် ဘုရားကျေးဇူးတော်အား ကမ္ဘာအနှံ့ဘုရားဖူးများက သက်သေခံကြသည်။ မယ်တော်မိန့်မှာသည့်အတိုင်း ထင်ရှားပြသည့်နေရာမှာ ဘုရားကျောင်းတော်ကြီး တစ်ဆောင်ဆောက်သည်။ ၁၉၀၁-ခုနှစ်တွင် ပထမကျောင်းသည် ငယ်လွန်းသောကြောင့် စိပ်ပုတီးဘုရားကျောင်းအား ဆက်၍ဆောက်လုပ်ကြသည်။ ၁၉၀၇တွင် စိန့်ပီအူးစ် (၁၀)က ဗိမ္မာန်တော်ကြီး တစ်ဆောင်ခွင့်ပြု တည်ထောင်စေသည်။ လေအို (၁၃)က ရုံးခန်းများ၊ မစ္ဆားတရားပူဇော်ရာ အထူးနေရာများကို အခွင့်ပြုတည်ဆောက်စေသည်။ ၁၈၇၂-ခုနှစ်တွင် ကမ္ဘာအနှံ့ဘုရားဖူးများ ပြင်သစ်ပြည် လုဒ်မြို့၌ စုဝေးကြသည်။ ပထမတွင် ဘုရားဖူးများ ၂၅၀၀၀ ရောက်လာကြသည်။ နှစ်စဉ်ဘုရားဖူးသိန်းနှင့် ချီရောက်လာကြသည်။ (၁-၂) ရာနှုန်းသည် ကိုယ်ခန္ဓာကျန်းမာရေးအတွက် လာကြသည်။ မယ်တော်ထင်ရှားပြပြီး မကြာခင် တစ်ချို့ကျန်းမာရေး ကျေးဇူးခံစားရသည်။ ပထမတွင် ဆုတောင်းခြင်းမပါဘဲ အတည်မပြုသေးပါ။ လူပေါင်း ၅၀လောက် ကျေးဇူးတော်ခံစားပြီး အသင်းတော်က ဆရာတော်များ၏ လေ့လာချက်အရ တန်ခိုးတော်ဖြစ်ကြောင်း အတည်ပြုကြသည်။ ဆရာဝန်များ ဆေးအစွမ်းဖြင့် မတတ်နိုင်သည့် လူပေါင်း ၄၀၀ လောက် တန်ခိုးတော်အားဖြင့် ကျန်းမာကြသည်။ ၎င်းတို့အနက် အထူးခြားဆုံးမှာ တီဘီရောဂါသည်များ၊ ကင်ဆာရောဂါ၊ မျက်ကန်း၊ နားပင်းသူများ၊ အကြောသေသူများ၊ Tumours စသည့် ရောဂါဟူသမျှ ပျောက်ကင်းကြသည်။ ရောဂါ(၇)မျိုးပဲ အသင်းတော်က အတည်ပြုပေးသည်။ တွန်းလှည်းကုလားထိုင်နှင့် အခြားအကူညီမဲ့သူများ အထူးရထား၊ အထူးမော်တော်ကားများနှင့် အသံကျယ်လောင်စွာ စိပ်ပုတီးစိပ်ရင်း လုဒ်မြို့သို့ ရောက်လာကြသည်။ အထူးသဖြင့် ကိုယ်တော်မြတ်နှင့် မယ်တော်ရုပ်ထုတော်အား စီတန်းလှည့်လည်ရာ လမ်းဘေးတိုင်းထိုင်စောင့်၍ ဆုတောင်းသူများ ကိုယ်ခန္ဓာကျန်းမာခြင်းဆု ကျေးဇူးရရှိကြသည်။ ဘုရားဖူးသူတိုင်း မကျန်းမမာသူများ ကိုယ်စားကြွေးကြော်သံဖြင့် ဒါဝိတ်၏သားယေဇူး သနားတော်မူပါ။ သခင်မြင်စေတော်မူပါ။ သခင်ကြားစေတော်မူပါ။ သခင်လမ်းလျှောက်စေတော်မူပါဟု ဘုရားကျောင်းတော် ရှေ့ကွင်းပြင်မှာ ကိုယ်တော်မြတ် ကောင်းကြီးမင်္ဂလာလုပ်စဉ် ကြွေးကြော်ကြသည်။ ဘုရားဖူးတိုင်း ဆုတောင်းခြင်း၊ ကြွေးကြော်ခြင်း ပြုကြသည်။ လုဒ်မယ်တော်၏ တန်ခိုးလက္ခဏာသည် သိပ္ပံပညာထွန်းကားသည့် ခေတ်ကမ္ဘာမှာ ထင်ရှားကျော်ကြားသည်။ ဤနည်းအားဖြင့် ဘုရားသခင်ကျေးဇူးအား လူတိုင်းသဘောပေါက် လက်ခံလာကြသည်။
#Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)