#17 February 2021
#The Seven Holy Founders Of The Servites Order
(ဆာဗိုက်ဂိုဏ်းတည်ထောင်သူ (၇)ဦးပွဲ
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
၁၂၃၃ခုနှစ် ဖလောရင့်မှ ဆင်းရဲစွာတောင်းစားသော (၅)အော်ဒါကို အသင်းတော်က အခွင့်ပြုသည်။ လူငယ် (၇)ယောက်သည် ပေထရီရှားမိသားစုနှင့်အတူ မယ်တော်သခင်မ ဝါသနာချင်းတူ သူများအား ထင်ရှားပြခဲ့သည်။ Laudes Praises of Mary မယ်တော်အား ချီးမွမ်းသူများဟု ကောင်းကင်ဘုံ ပင့်ဆောင်ခံပွဲ၌ ထင်ရှားပြ၍ ခေါ်ဝေါ်ကြသည်။ ကမ္ဘာကြီးမှ ဝေးကွာရာဖြစ်သော မွန်တေစေနာရီခေါ်မြို့မှ (၁၁)မိုင်ကွာနေရာ၌ နေထိုင်ကြသည်။ မယ်တော်ကထပ်၍ ထင်ရှားပြသည်မှာ အနက်ရောင်ဝတ်ရုံအား မယ်တော်နာကြင်ခြင်းခုနှစ်ထွေ၊ ကားတိုင်အောက်က ဒုက္ခအား သတိယအောက်မေ့ခြင်းဖြစ်သည်။ စိန့်ဩဂုတ်စတင်းချမှတ်သော စည်းမျဉ်းဥပဒေအောက်၌ မယ်တော်၏အစေခံတမန်တော်ဟု ခေါ်ကြသည်။ နှစ်ပေါင်း (၅၀)အတွင်း အဖွဲ့ဝင်ပေါင်း (၁၀၀၀၀) တစ်သောင်းနှင့် ကျောင်းပေါင်း (၁၀၀) ဖွင့်လှစ်နိုင်သည်။ သာသနာပြုများ အိန္ဒိယနှင့် ဂရိသို့ပျံ့နှံ့သည်။ တိယအော်ဒါမှာ တောရကျောင်း စစ္စတာရ်များအတွက်နှင့် တတိယအော်ဒါမှာ ဂရုဏာလုပ်ငန်းများနှင့် ပညာရေးအတွက် လှုပ်ရှားရန် (၁၃)ရာစုနှစ်တွင် တည်ထောင်ကြသည်။ ၁၈၈၇ခုနှစ်တွင် (Canonised) အသင်းတော်က ၎င်းဂိုဏ်းအား အသိအမှတ်ပြုသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
ရဟႏာၱ