Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#19 February 2021 #St. Conrad Of Piacenza, စိန့်ကွန်ရာဒ် (ပျာဆင်ယာ) (1290-1351) #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe
အီတလီမြောက်ပိုင်း Piacenza ပီယားရှင်ယားမိသားစုမှ မွေးဖွားသူဖြစ်သည်။ အသက်ငယ်ငယ်နှင့် အိမ်ထောင်ပြုသည်။ စစ်သင်္ဘောနှင့် ထွက်ခွာသည်။ သူ့ကျောက်တူးသမားသည် ချုံပုတ်ထဲတွင် ထွက်ပြေးရာ မီးနှင့်ရှို့ရန် အမိန့်ပေးခဲ့သည်။ မီးစတင်လောင်ရာ လေပြင်းထန်သဖြင့် တောအားလုံးကူးစက် လောင်ကျွမ်းသည်။ ဤအဖြစ်အပျက်ကြောင့် ကြောက်လန့်၍ ထင်းခွေ၍ အသက်မွေးသူ ဆင်းရဲသားဖြစ်သည်ဟု လိမ်ညာ၍ မိမိမဟုတ်ကြောင်း ငြင်းဆိုသည်။ သို့သော် အာဏာပိုင်များက မီးရှို့သူဟု စွပ်စွဲခံသူထင်းခုတ်သမားလေးအား သေဒဏ်အမိန့်ချလိုက်ကြသည်။ ဤသတင်းကို ကွန်ရာဒ်ကြားသိရာ သူ့အပြစ်ကို (အမှား) ကို ပြန်လည်နောင်တရ၍ သူပိုင်ပစ္စည်းအားလုံး ရောင်းပြီး ပြန်လည်အမှားကို ပြုပြင်၍ ကယ်ဆယ်ရန် ကတိပြုခဲ့သည်။ သူ့အမျိုးသမီးနှင့်အတူ သာသနာ့ဘောင်သို့ဝင်ရန် ဆုံးဖြတ်ကြသည်။ ကွန်ရာဒ်သည် ရှင်ဖရန်စစ် တတိယအော်ဒါသို့ ဝင်သည်။ စီဆီလီရှိဒိုတိုဂူနေ ရသေ့ကျောင်းတွင် တရားအားထုတ်ခဲ့သည်။ သောကြာနေ့တိုင်း နှစ်ပေါင်း (၃၀)ကျော် ဒိုတိုမှာ ကျင်းပလေ့ရှိသော ကားတိုင်ရှေ့၌ ဒူးထောက်ဆုတောင်းလေ့ရှိသည်။ ၁၃၅၁ခုနှစ် ဖေဖော်ဝါရီလ ၁၉ရက်နေ့တွင် နိုတိုမြို့ရှိ ကားတိုင်ကြီးတွင် ဒူးထောက်ကန့်လန့်သေရင်း တွေ့ရသည်။ စိန့်ကွန်ရာဒ်သည် အမှန်တရားမှန်ကြောင်း သက်သေခံခြင်း၊ ကျေးဇူးတန်ခိုးရသူဟု မှတ်ယူကြသည်။ သူအား အူ၊ အသည်းစသည်တို့ နေရာလွဲသည့် အနာရောဂါအတွက် ကိုးစားရာရဟန္တာဖြစ်သည်။
 
#Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
ရဟႏာၱ