#21 February 2021
#St. Peter Damian, စိန့်ဒါမီယာန်း (1007-1072)
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
Posted by M Sulatthtwe
ပီတာအော်နက်စတီသည် မှူးမတ်အမျိုးအနွယ်ထဲက အဆင်းရဲဆုံးကလေးမှာ ပါဝင်သည်။ ကလေးဘဝ၌ မိဘမဲ့ဖြစ်ခဲ့သည့်အတွက် ဝက်များထိန်းကျောင်း၍ အသက်မွေးဝမ်းကျောင်း ပြုလုပ်သည်။ သို့သော် သူ၏ဘုရားတရား ကြည်ညိုခြင်းနှင့် ထက်မြက်သည့်ဉာဏ်ကို သိသောအစ်ကိုဖြစ်သူ ဘုန်းကြီးဒါမီယာန်းက ထောက်ပံ့ရန်ခေါ်ထားသည်။ ပီတာအော်နက်စတီမှ ပီတာဒါမီယာန်းဟု နာမည်ပြောင်းပေးသည်။ ၂၅-နှစ် ကြာသောအခါ ထူးချွန်လာသည်။ ဆရာတော်အဖြစ် ရာဗက်နာနှင့်ပါမာမှာ အမှုထမ်းသည်။ လောက၏ အဖြစ်အပျက်သည် သူ့အတွက် အနှောင့်အယှက်များသာ ဖြစ်သည်။ ၁၀၃၄ခုနှစ်တွင် ရသေ့ကျောင်းသို့ ဝင်ရောက်သည်။ စည်းကမ်းကျပ်လှသည့် ဘေနဒစ်ရသေ့ကျောင်းမှာ နေရသည်။ မကြာခင် ရသေ့ကျောင်းမှာ ဝိညာဉ်ရေးဟောပြောပေးရန် တာဝန်ပေးခြင်းခံရသည်။
စိန့်ပီတာဒါမီယာန်းသည် မယ်တော်အား အထူးသဒ္ဒါကြည်ညို ကိုးစားသူဖြစ်သည်။ သက်တော် ၃၆နှစ်တွင် ကျောင်းထိုင်ဖြစ်လာသည်။ ဆက်လက်ပြီး ၂၉နှစ် အမှုထမ်းပြီးမှ ဘုရားသခင်က သိမ်းပိုက်သည်။ သူ့လက်ထက်မှာ ရသေ့များ ကျင့်ဆောက်တည်လိုက်နာရန် စည်းမျဉ်းစည်းကမ်းများ ရေးဆွဲသည်။ စံပြရသေ့ဂိုဏ်းလည်း ဖွဲ့စည်းတည်ထောင်သည်။ ရဟန်းမင်းကြီး ဂရေဂေါ်ရီ (၇)နှင့်အတူ စာပေအားဖြင့် အသင်းတော်၌ အသရေယုတ်စေသည့် အရာများအား ပြုပြင်ရန် ရေးသားသိစေကြသည်။ ၎င်းတို့အနက် ကာမဂုဏ်စည်းစိမ် မချုပ်တည်းခြင်း၊ လောကစည်းစိမ်နှင့် စိတ်ဝမ်းကွဲစေသောအရာများအား သတိပေးဆုံးမရေးသားသည်။ ပီတာဒါမီယာန်းသည် စံပြတည်ကြည်သော ရဟန်းတစ်ပါးဖြစ်ကြောင်း အသိအမှတ်ပြုကြသည်။
၁၀၅၇ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး စတီးဖင်း (၁၀)သည် အသင်းတော်၌ ထုတ်ပေးခြင်းခံသင့်သူအတွက် ဥပဒေပြုလုပ်ရန် အတင်းတောင်းဆိုလာကြသည်။ ပီတာဒါမီယာန်းအား ရဟန်းအမတ် ကာဒီနယ်အဖြစ် ရွေးသည်။ သူ့သည် အိုစီယား၌ ဆရာတော်အဖြစ် ကျောင်းထိုင်သည်။ အသင်းတော်၌ ပြုပြင်ခြင်းများကို ရင်ဆိုင်ဖြေရှင်းလေ့ရှိသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
ရဟႏာၱ