#24 February 2021
#St. Caesarius of Nazianzus, စိန့်ချဲဆာရစ်(စ်) (နာဇီယန်ဇူစ်)
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
Posted by M Sulatthtwe
သူသည် ဂရေဂေါ်ရီ၏ညီဖြစ်သည်။ ဒေါက်တာဘွဲ့ ရရှိသည်။ အလက်ဇမြို့မှာ စကားပြောသင်တန်း၊ ဖလော်ဆော်ဖီပညာနှင့် ဆရာဝန်သင်တန်းအား အောင်မြင်ခဲ့သည်။ ဆရာဝန်ဘွဲ့ယူပြီး ကွန်စတန်တီနိုပယ်သို့ အမှုထမ်းရန်သွားသည်။
အိမ်သို့ခဏအပြန် အစ်ကိုဂရေဂေါ်ရီ အေသင်မြို့မှအပြန် လမ်းမှာဆုံ၍အတူ နာရီရစ်ရှိအိမ်သို့ ပြန်ကြသည်။ သူ့အား ကွန်စတန်တင်ဘုရင်က မပြန်ရန် တားမြစ်သည့်ကြားက ပြန်ခြင်းဖြစ်သည်။
မကြာခင် ဂျူလီသန်က ချဲဆာရီအိုစ်အား ပြန်ခေါ်သည်။ ကွန်စတန်တင်ဘုရင်က ဂျူလီယန်နာမည်နှင့် ခေါ်ခိုင်းသည်။ ဂျူလီယန်သည် ခရစ်ယာန်တို့အား ဆန့်ကျင်သည့်စာအုပ်ရေးသူဖြစ်သည်။
ချဲဆာရစ်အိုစ်သည် ဘုရင်၏တားမြစ်သည့် ယုံကြည်ရာကို ခုခံကာကွယ်ခဲ့သည်။ ဂျူလီယာန်က သူ့အား အရင်နေရာဟောင်း၌ တာဝန်ချပေးသည်။ ဗာလင် (Valen) က သူ့အား (Birthynia) ဘာတီနီယားမှာ ဘဏ္ဍာထိန်းအဖြစ် တာဝန်ပေးသည်။ သူသည် မြေငလျင်လှုပ်ခြင်းမှ ကံကောင်း၍ သီသီကလေးလွှတ်သွားပြီး လောကကို ကျောခိုင်းစွန့်လွှတ်ပြီး ၃၆၈ခုနှစ်တွင် ဘုရားစကား သင်ကြားလေ့လာပြီး ဆေးကြောခြင်းခံသည်။ ဆေးကြောခြင်းခံပြီး မကြာခင်သေသည်။ သူ့အား အစ်ကိုဂရေဂေါ်ရီက သင်္ဂြိုလ်ပေးသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
ရဟႏာၱ