#25 February 2021
#St.Wal Burga (Virgin), စိန့်ဝေါဘိုကာ (ကညာစင်)
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
Posted by M Sulatthtwe
သူမ၏ ဖခင်သည် ရဟန္တာတစ်ပါး ဖြစ်သည်။ St.Richard စိန့်ရစ်ချက် ဖြစ်သည်။ စိန့်ရစ်ချက်သည် ဆေးဆွန်အနောက်ဘက်ပိုင်းမှာ ဘုရင်ခံဖြစ်သည်။ မိခင်သည် ဝင်နာဖြစ်၍ စိန့်ဘောနီဖက်စ် St.Boniface ၏ညီမ ဖြစ်ပါသည်။ စိန့်ဘောနီဖက်စ်သည် ဂျာမဏီတမန်တော်ကြီး ဖြစ်သည်။ အသက်(၁၁)နှစ် အရွယ်၌ ကွန်ဗင့်ကျောင်းတွင် စစ္စတာရ်များနှင့် အတူနေရသည်။ ဖခင်နှင့်အစ်ကိုနှစ်ယောက် ရဟန္တာများ စိန့်ဝေလီတားနှင့် စိန့်ဝေနီဘားတို့သည် Holy Land ဂျေရုဆလင်မြို့ သန့်ရှင်းသောမြေသို့ ခရီးသွားခဲ့ကြသည်။ သူမသည် ကွန်ဗင့်၌ ဉာဏ်ထက်မြက်ခြင်း၊ သန့်ရှင်းဖြူစင် ရိုးသားခြင်းနှင့် စည်းကမ်းရှိမှုတို့ကြောင့် နာမည်ကျော်ကြားသည်။ ကွန်ဗင့်၌ အသက် ၂၆နှစ်အထိ နေသည်။ ၇၄၈ ခုနှစ်တွင် စိန့်ဝေါဘိုကာနှင့် စိန့်လေအိုဘာတို့သည် သူငယ်ချင်းစစ္စတာရ် အများကြီးနှင့်အတူ ဂျာမဏီသို့ သာသနာပြုရန် ဦးလေးတော်သူ စိန့်ဘောနီဖက်စ် စီမံကိန်းအတိုင်း ကွန်ဗင့်များနှင့် ရသေ့ကျောင်းများ ဂျာမဏီပြည်၌ ဖွင့်လှစ်နိုင်ခဲ့သည်။
သူမသည် သင်တန်းနှစ်အနည်းငယ်တက်ပြီး ဘီစ်ကောရှိန်ကွန်ဗင့် (သီလရှင်) ကျောင်းမှာ အကြီးအကဲသီလရှင် တာဝန်ယူသည်။ စိန့်ဝေါဘိုကာသည် အစ်ကိုစိန့်ဝေနီဘား၏ ဘဝသမိုင်းကို စာအုပ်ရေး စာအုပ်ထုတ်ဝေသည်။ အထူးသဖြင့် အစ်ကိုနှစ်ယောက်ဖြစ်သည့် စိန့်ဝေနီဘားနှင့် စိန့်ဝေလီတားတို့ ပါလက်စတိုင်းပြည် သန့်ရှင်းသောနေရာသို့ ခရီးတစ်ခေါက်သွားပြီး အင်္ဂလိပ်ဘာသာနှင့် ဂျာမဏီဘာသာဖြင့် စာအုပ်ထုတ်ဝေသည်။ သူမသည် အသက်ရှင်အမှုထမ်းစဉ် ဘုရားတန်ခိုးလက္ခဏာ အများကြီးရရှိခဲ့သည်။ ၇၇၇ခုနှစ် ဖေဖော်ဝါရီလသည် ၂၅. ၂. ၇၇၇ ခုနှစ် သူမသေပြီးနောက်ပိုင်း တန်ခိုးလက္ခဏာပြခဲ့သည်။ ခွေးရူးပြန်နှင့် ပင်လယ်မုန်တိုင်းဘေးရန်မှ ကာကွယ်ရန် တိုင်တည်ကိုးစားရသသည့် ရဟန္တာဖြစ်သည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
ရဟႏာၱ