#26 February 2021
#St. Mechtilde of Hackeborn (Virgin), စိန့်မက်တီဒီ (ဟက်ကီဘွန်) (ကညာစင်)
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
Posted by M Sulatthtwe
ချမ်းသာကြွယ်ဝသူ တူရိန်ချာမိသားစုမှဖြစ်သည်။ စိန့်မက်တီဒီသည် အစ်မတည်ထောင်ဦးဆောင်သည့် ဘေနဒစ်တင်းကွန်ဗင့်ကျောင်းသို့ အသက်(၇)နှစ်၌ ဝင်သည်။ ပညာပါရမီများ ဆည်းပူးလေ့ကျင့်သည်။ သူမ၏နှိမ့်ချခြင်း၊ ဘုရားတရားကြည်ညိုမှု၊ ဇွဲလုံ့လဝီရိယကြောင့် အသက်ငယ်ငယ်နှင့် နိုဗီရှား၌ ကွာယာဒါရိုက်တာ ဖြစ်လာသည်။ စိန့်ဂျက်ထရုကို ပထမပညာပါရမီသင်ပေး၍ အသက်(၅)နှစ်မှစ၍ ကွန်ဗင့်တွင် လက်ခံသည်။ စိန့်မက်တီဒီသည် ကိုယ်ခန္ဓာ မကျန်းမမာဖြစ်လာသည်။ သို့သော် ဘုရားသခင်အား ချီးမွမ်းသည့်သီချင်းအား မဆိုဘဲမနေနိုင်ပါ။ မသင်ပေးဘဲ မနေနိုင်ပါ။ ဘုရားသခင်က အထူးကျေးဇူးပေးသည်။ ဘုရားသခင်က သူ့အား သီချင်းအားဖြင့် ချီးမွမ်းဆက်သွယ်ရန် ကျေးဇူးအထူးပေးသည်။ ဝိညာဉ်ရေးနှင့် ပတ်သက်သည့် စာအုပ်ရေးသားခဲ့သည်။ သူမသေပြီးသည့်တိုင် သူ့စာအုပ်သည် လူကြိုက်များ နာမည်ကျော်လာသည်။
စိန့်မက်တီဒီနှင့် စိန့်ဂျေထရုတို့သည် ရွှေနှလုံးတော်အား သဒ္ဒါကြည်ညိုရန် ပထမအစပြုကြသည်။ သူသည် နံနက်စောစောနိုးလာသောအခါ ငါ့နှလုံးနှင့်ခန္ဓာကိုယ်အားလုံး ကိုယ်တော်အား အပ်နှံပါသည်ဟု အမြဲဆိုလေ့ရှိသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
ရဟႏာၱ