Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#27 February 2021 #St.Gabriel Of Our Lady Of Sorrows, စိန့်ကာဘရီအဲလ် (ကြေကွဲမယ်တော်) #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe
အာစီစီမြို့က ဖရန်စစ်ပိုစေတီသည် ၆၀၀ ခုနှစ်၌ ဆေးကြောခြင်းမင်္ဂလာကို ခံယူသည်။ ဖခင်သည် စပိုလေတိုမြို့၌ အထက်တန်းတရားသူကြီး ဖြစ်သည်။ ဘုရားတရား ကြည်ညိုသူလည်း ဖြစ်သည်။ မစ္ဆားတရားမနာခင် တစ်နာရီမနက်တိုင်း ကမ္မဌာန်းရှုခြင်း၊ ဝိညာဉ်စာဖတ်ခြင်း ပြုလုပ်သည်။ ညနေတိုင်း ကိုယ်တော်မြတ်ကျောင်းဆောင်ရှေ့၌ ဒူးထောက်၍ ဆုတောင်းခြင်း ပြုလေ့ရှိသည်။ ကိုယ်တော်မြတ်နေ့တိုင်းဖူးသည်။ 
ဖရန်စစ်သည် အသက် ၄-နှစ်အရွယ်မှာ မိခင်ကွယ်လွန်သည်။ ညီအစ်ကို မောင်နှမ ၁၃ ယောက်အနက် ၁၁ ယောက်မြောက် ဖြစ်သည်။ မိခင်သည် စစ်မှန်သော ခရစ်ယာန်အမျိုးသမီး ပီသသူဖြစ်သည်။ မိခင်သေဆုံးပြီးသည့်နောက်ပိုင်း ဖခင်သည် သားသမီးများအား ဘုရားစကား၌ လေးနက်စွာ မသင်ပေးပါ။
ဇာတ်ခုံများ၊ ပျော်ရွှင်မှုများ၊ ပြဇာတ်များနှင့် ဆိုရှယ်လှုပ်ရှားမှုများ ပေါများသော်လည်း သူ၏ဆုတောင်းမေတ္တာနှင့် စက္ကမင်တူးများ၊ မယ်တော်အား သဒ္ဒါကြည်ညိုခြင်းများ မပျက်စေရန် ကြိုးစားခဲ့သည်။ သူနေမကောင်းဖြစ်၍ ဒုက္ခရောက်သော် မယ်တော်ထံမှာ ကျန်းမာခြင်းကျေးဇူးပြန်ရပါက သာသနာဘောင်သို့ဝင်ရန် ဂတိပြုခဲ့သည်။ ပြန်လည်ကျန်းမာလာသော်လည်း ရက်ရွေ့ဆိုင်းလိုက်သည်။
၈၅၆ ခုနှစ်တွင် စပိုလေတိုမြို့၌ ကာလဝမ်းရောဂါ ကျရောက်သည်။ လူထုအားလုံး စိတ်ဒုက္ခရောက်ကြသည့်အတွက် Madornura မယ်တော်သခင်မအား ပြန်လည်သတိယ အားကိုးလာရန် ဆန္ဒပြင်းပြလာကြသည်။ မယ်တော်ထံ ပုတီးစိပ်ဆုတောင်းကြ၍ ဤရောဂါဆိုးကြီးမှ ကင်းလွှတ်စေပါက မယ်တော်၏ရုပ်ပွားတော်အား မြို့၌စီတန်းလှည့်ကာ ချီးမွမ်းဆုတောင်းရန် ဂတိပြုတောင်းဆိုကြသည်။ ၁၁၁၅ ခုနှစ်တွင် ဧက္ကရာဇ်မင်းကြီး ဘာဘရိုဆာကိုယ်တိုင် မြို့သားများအတွက် လှူဒါန်းထားသည့် ရုပ်ပွားတော်ဖြစ်သည်။ 
ကာလဝမ်းရောဂါသည် အံ့ဩစွာ ပျောက်ကွယ်သွားသဖြင့် မယ်တော်ရုပ်ပွားအား စီတန်းလှည့်လည် ဆုတောင်းမေတ္တာပြု ပုတီးစိပ်၍ လူထုများ သဒ္ဒါကြည်ညိုကြသည်။ ဖရန်စစ်သည် လမ်းဘေးမှာ မယ်တော်ရုပ်ပွားတော် ဖြတ်မည့်နေရာမှာ ဒူးထောက်လျက်ဆုတောင်းစဉ် မယ်တော်က သူ့အား စကားပြောသည့်ပမာ မယ်တော်နှုတ်ခမ်း လှုပ်ရှားနေသည်ကို မြင်တွေ့ရသည်။ အသံတစ်ခုကြားရသည်မှာ “ဖရန်စစ်၊ သင်ဘာကြောင့် နှောင့်နှေး၍ ရက်ရွေ့ဆိုင်းသနည်း” ဟု မေးခွန်းသံ ကြားသည်။ မကြာခင် ဖရန်စစ်သည် သူ့ဘဝကို ပြန်လည်ထောက်ရှုစဉ်းစားပြီး ကြေကွဲဝမ်းနည်းခြင်းဂိုဏ်းသို့ “ကာဘရီအဲလ်” မယ်တော်၏ကြေကွဲနှလုံးတော် အမည်ခံယူ၍ သာသနာ့ဘောင်သို့ ဝင်ရောက်သည်။ 
နိုဗီးရှား၌ နေရစဉ် စည်းကမ်းတိကျမှန်ကန်မှု၊ ဝိညာဉ်းရေးကောင်းမှု၊ ဆုတောင်းမေတ္တာ ကြိုးစားမှု အထူးသဖြင့် မယ်တော်၏ကြေကွဲနှလုံးတော်အားဖြင့် သဒ္ဒါကြည်ညိုခြင်းနှင့် ကိုယ်တော်မြတ်အား ယုံကြည်ထက်သန်ခြင်းကြောင့် နာမည်ကျော်လာသည်။ 
မကြာခင် ရဟန်းသိက္ခာခံယူရန် အချိန်ရောက်သော် အီတလီပြည်၌ နိုင်ငံရေးပြဿနာ၊ ရဟန်းဘုန်းကြီးများအား ပုန်ကန်မှု ပေါ်လာသည်။ မိမိ၏ဆရာတော်ကြီးနှင့် တွေ့ဆုံရန် မလွယ်ကူချေ။ မကြာခင် သူ၏ ၆-နှစ်မြောက် ကြေကွဲခြင်းကို အောင်မြင်ခဲ့သည်။ 
သူ့ထံဆုတောင်း ကိုးစားသောသူများ တန်ခိုးလက္ခဏာများ ရရှိလာကြသည်။ သူတော်မြတ်အဆင့်သို့ ၁၉၂၀ ခုနှစ်၌ တင်မြောက်ကြသည်။ မကြာခင် သူ့အစ်ကိုရှေ့၌ သူ့အား ရဟန္တာတင်မြောက်ကြသည်။ 
စိန့်ကာဘရီအဲလ်သည် ယနေ့လူငယ်များ နိုဗီးရှားမှာ ပါရမီဆည်းနေသူများနှင့် ကတိသစ္စာပြုသူ သာသနာအမှုထမ်းများ အထူးကိုးစားရာ ရဟန္တာဖြစ်သည်။
 
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
ရဟႏာၱ