Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#28 February 2021 #St. Hilarius (Pope), စိန့်ဟေလာရီအူစ် (ရဟန်းမင်းကြီး) #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe
သူသည် ရဟန်းမင်းကြီး၏ သံအမတ်တစ်ပါး ဖြစ်သည်။ ၄၄၉ ခုနှစ် ဧဖက်ဆုမြို့၌ ကျင်းပသော ရောဘတ်သံဃာတော် အစည်းအဝေးကြီး၌ ရဟန်းမင်းကြီး သံတမန်အဖြစ် ထင်ရှားသည်။ ကွန်စတန်တင်နိုပယ်က စိန့်ဖလေ့ဗင့်အား ရှုတ်ချခြင်းကို ကာကွယ်ခဲ့သည်။ ရဟန်းမင်း အခွင့်အရေးကို သူ့အား လွဲအပ်ကြသည်။ သို့သော် မကြာခင် အလက်ဇန္ဒြားမှ ဒေအိုရိုရုစ်က အစည်းအဝေးကြီးတွင် အာဏာသိမ်းရန် ကြိုးစားသည်။ ထို့ကြောင့် မိမိကိုယ်ကို လွတ်မြောက်ရန် ထွက်ပြေးရသည်။
၄၆၁ ခုနှစ်တွင် စိန့်လေအို (ကြီး) ကွယ်လွန်ပြီး စိန့်ဟေလာရီအူစ်သည် ရဟန်းမင်းကြီးအဖြစ် တင်မြောက်ခြင်း ခံရသည်။
ကိုးလ်နှင့် စပိန်ပြည်မှာ အသင်းတော်၏ စည်းမျဉ်းဥပဒေများ၊ အုပ်ချုပ်မှုဆိုင်ရာများ အင်အားရယူခဲ့သည်။ 
ဆရာတော်များ မိမိနေရာမှ မပြောင်းရန်၊ ပြောင်းနိုင်သူသည် အခွင့်ရယူရန် လိုအပ်သည်။ ဆရာတော်ကြီးသည် မိမိသဘောအတိုင်း မိမိအားဆက်ခံရန် ရွေးချယ်လို့ မရပါ။ ရဟန်းမင်းကြီးရုံးတော်မှာ အားလုံးဆုံးဖြတ်ရန်နှင့် အားလုံးတင်ပြရန် ဥပဒေအမိန့် ချမှတ်လိုက်သည်။ ၄၆၅ ခုနှစ်၌ ရောမမြို့ သံဃာတော်များ အစည်းအဝေး၌ ဆုံးဖြတ်၍ အတည်ပြု ကြေငြာကြသည်။ ဤသံဃာအစည်းအဝေးသည် အသင်းတော်၌ အမွန်မြတ်ဆုံးနှင့် ဝါအရင့်ဆုံးဖြစ်လာသည်။
 
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
ရဟႏာၱ