#28 February 2021
#St. Margaret of Cortona, စိန့်မာဂရက် (ဂေါတိုနာ) (1247-1297)
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
Posted by M Sulatthtwe
မာဂရက်သည် တောင်သူလယ်သမား မိသားစုမှဖြစ်သည်။ အလွန်လှပ ချောမွတ်သောသူလည်း ဖြစ်သည်။ ဂုဏ်အသရေရှိ မှူးမတ်တစ်ယောက်က လက်ထပ်ရန် ကတိစကားဆိုပြီး သွေးဆောင်၍ ကာမရယူသည်။ သူနှင့်အတူ (၉)နှစ်တိုင်တိုင် နေသည်။ ဤကဲ့သို့ဖြစ်စဉ် မမျှော်လင့်ဘဲ ယောကျ်ားသေဆုံးသည်။ သူမသည် တရားမဝင် အတူနေရသည့် မကောင်းသည့်စံနမူနာ ဘဝကို ပြန်လည်နောင်တယူပြီး ခြိုးခြုံဝါရှောင်၍ ဘဝအသစ်ပြန်တည်ထောင်သည်။ (၃)နှစ်တိုင်တိုင်ကျင့်ပြီး ဖရန်စစ္စကင် တတိယအော်ဒါမှာ ဝင်သည်။ သူမ၏သားတစ်ယောက်အား ဂရုဏာရှင်အမျိုးသမီးအား အပ်ထား၍ ဖရန်စစ္စကင်သီလရှင်အသင်းဂိုဏ်းသို့ ဝင်သည်။
သူမ၏ဝိညာဉ်လမ်းညွှန် ဘုန်းတော်ကြီးအကူအညီဖြင့် သန့်ရှင်းဖြူစင်ခြင်းပါရမီ၌ တိုးတက်လာသည်။ ကျန်သည့်အသက်တာ (၂၄)နှစ်အား ဆင်းရဲသားများနှင့် လူနာများအား ကြည့်ရှုပြုစုခြင်းနှင့် ဘဝမြုပ်နှံသည်။
သခင်ခရစ်တော်က ဗျာဒိတ်ပေးသည်မှာ ဆင်းရဲသားအပြစ်သည်များ၏ ကြေးမုံဖြစ်ကြောင်း၊ သင်မှလူများသည် ဒုက္ခမှကယ်စေကြောင်း ထင်ရှားမည်ဟု ခရစ်တော်ကပြောသည်။ စိန့်မာဂရက်သည် (Poor Clares) ကွန်ဗင့် တည်ထောင်ခဲ့သည်။ She founded a Poor Clares Convent ဂိုတိုနာမြို့မှာ ဆင်းရဲသားများအတွက် ဆေးရုံကြီးတစ်ခု ဖွင့်လှစ်ပေးသည်။ သူမသည် ရန်သူအချင်းချင်း ပြန်လည်သင့်မြတ်စေရာ၌ နာမည်ကျော်သည်။ ခေါင်းမာလှသည့် အပြစ်သည်များအား ပြန်လည်နောင်တရစေ၍ ဘုရားသခင်ထံ ပြန်ပို့ဆောင်နိုင်သည်။
နှစ်ပေါင်း ၂၉နှစ် ဤကဲ့သို့အမှုထမ်းပြီး ဘုရားသခင်အား အစေခံ၍ နောင်တယူကာ နှောင့်ယှက်ခြင်းဟူသမျှ အောင်နိုင်ပြီး ခရစ်တော်သခင်က ငါ့သမီးအရင်အပြစ်အားလုံး ခွင့်လွတ်ကြောင်း ထင်ရှားပြသည်။
၁၂၉၇ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ဘုရားသခင် ပြန်လည်သိမ်းပိုက်ခြင်းခံရသည်။ ဘုရားသခင်၏ ဆုကျေးဇူးရရှိရန် နောင်တတရားနှင့် ဘဝအား ပါရမီကျင့်ခြင်းဖြင့် ထာဝရဆုကျေးဇူးရရှိသည်။ ယခုထိ စိန့်မာဂရက်၏ ကိုယ်ခန္ဓာသည် မပုတ်မသိုး မပျက်စီးဘဲ ရှိနေသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)