Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#1 March 2021 #St. Felix II (Pope), စိန့်ဖိလစ် (၂) (ရဟန်းမင်းကြီး) #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe

သူသည် ရောမတိုင်ပင်မှူးမတ် အမျိုးအနွယ်ဖြစ်သည်။ ထုံးစံအတိုင်း လက်ထပ်ခြင်း စက္ကမင်တူး ခံယူခဲ့သည်။ အဘိုးဖြစ်သူ ပုပ်ရဟန်းမင်းကြီး စိန့်ဂရေဂေါ်ရီ (St. Gregory the great) ကဲ့သို့ ဖြစ်ရန်ယုံကြည်သည်။ စိန့်စင်ပလစ်စီအူစ်အား ဆက်ခံခဲ့သည်။ ၉-နှစ်တိုင်တိုင် အုပ်ချုပ်ခဲ့သည်။ ကက်သလစ်အသင်းတော်၏ ယုံကြည်ရာအချက် (Catholic Doctrine) များကို ဆန့်ကျင်သော အရှေ့အသင်းတော်အား တိုက်ခိုက်ဖြေရှင်းခဲ့သည်။ 

တယူသန်သမားများက သခင်ယေဇူးလူ့အဖြစ်ကို ယူတော်မူခြင်းအား ဆန့်ကျင်ကြသည်။ Eutyches ဂရိလူမျိုးများက ခရစ်တော်၏အဖြစ်တော်နှစ်ပါးအား လက်ခံကြသည်။ ရဟန်းမင်းကြီးဟူသည် အိပ်စက်နားနေခြင်းမရှိဘဲ အမြဲဝိညာဉ်ရေးရာ၌ ကြိုးပမ်းသူဖြစ်ကြောင်း လက်ခံကြသည်။ ရသေ့များနားနေခြင်းမရှိဘဲ ပရိတ်ရွတ်ဖတ်နေခြင်းဖြင့် အထောက်အထား တွေ့ရသည်။ ရှေးဦးအသင်းတော် သာသနာမှ အပယ်ခံသူတို့ဖြစ်သည်။ ဧက္ကရာဇ်မင်း (ZENI) က ရဟန်းမင်းကြီးအား ငြင်းပယ်ခဲ့သည်။ သို့သော် နှစ်ပေါင်း ၃၅-နှစ်အထိပဲ ခံသည်။

အနောက်ဘက် အသင်းတော်အတွက် ရဟန်းမင်းကြီး ဖိလစ်သည် အာဖရိကအသင်းတော်၌ ညှင်းပန်းနှိပ်စက်ခြင်းအား ကာကွယ်ပေးသည်။ ၄၈၇-ခုနှစ်တွင် ရဟန်းမင်းကြီးသည် အစည်းအဝေးကြီး (သံဃာတော်အစည်းအဝေး) ကျင်းပ၍ စည်းရုံးနိုင်ခဲ့သည်။
 
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
ရဟႏာၱ