Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#2 March 2021 #St.David (Bishop), စိန့်ဒေးဗစ် (ဆရာတော်) #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe
ဝေးလ်တောင်ပိုင်းဇာတိဖြစ်သည်။ သူသည် စိန့်ဂျာမင်း၏တပည့် စိန့်ပေါလီနူးစ်မှ ပညာသင်ယူခဲ့သည်။ ဂျိုးရသေ့ကျောင်းမှာ ရသေ့တစ်ပါးဖြစ်သည်။ စိန့်ဒေးဗစ်သည် အိုင်ယာလန်နိုင်ငံ မေနေဗီးယားသို့ ပြောင်းရွေ့ခံခဲ့ရသည်။ သူသည် ဆရာတော်ကြီးသိက္ခာ ခံယူသည်။ ၅၆၉-ခုနှစ် Victory - သံဃာတော် အစည်းအဝေး၌ သူ၏တင်ပြချက်အား အသိအမှတ်ပြုကြသည်။ ရသေ့များ၏ ဝိနည်းဥပဒေအား စနစ်တကျ ဖြစ်စေသည်။
စိန့်ဒေးဗစ်၏ရာဇဝင်အား အကျဉ်းမျှသာ သိရှိရသည်။ သူ၏ ဘဝအသက်တာအား နှစ် ၅၀၀ ခုနှစ်အထိ မသိရပါ။ စိန့်ဒေးဗစ်အား ဝေးလ်ပြည်သူပြည်သားများက မတ်လတွင် (Saxon) လူရိုင်းများအား အောင်မြင်ခြင်းအထိမ်းအမှတ် ကျင်းပလေ့ရှိသည်။ သူတို့၏ဦးထုပ်တွင် ကြက်သွန်နီလုံးများ ကပ်ထားကြ၍ စိန့်ဒေးဗစ်၏လူရိုင်းများ အောင်ပွဲခံအထိမ်းအမှတ် ပြုလုပ်ကြသည်။ ကြက်သွန်အား ဦးထုပ်ပေါ်ကပ်ထားခြင်းသည် ရန်သူများနှင့် ခွဲခြားသိမြင်စေရန် အမှတ်ဖြစ်သည်။ 
၁၁၂၀-ခုနှစ်တွင် စိန့်ဒေးဗစ်အား ဝေးလ်လူမျိုးများ၏ ကိုးစားရာရဟန္တာအဖြစ် အသင်းတော်က ရဟန္တာတင်မြောက်လိုက်သည်။ သူ့သင်္ချိုင်းဂူသို့ နေ့စဉ်ဆုတောင်းသူ အဆက်မပြတ် ရောက်လာတတ်သည်။ 
 
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
ရဟႏာၱ