#4 March 2021
#St.Casimir of Poland, စိန့်ကာစီမီရ် (ပိုလန်) (1458-1484)
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
Posted by M Sulatthtwe
စိန့်ကာစီမီရ်သည် ပိုလန်ဘုရင်ကာစီမီရ် (စတုတ္ထမြောက်)၏ သားဖြစ်သည်။ သူသည် ဩစတြေးလျမှ ဧလိဇဘက်ထံမှ ပညာပါရမီသင်ယူခဲ့သည်။ အသင်းတော်ဆိုင်ရာ ကာနွန်ဥပဒေအား ဂျွန်ဒူကော် ပိုလန်သမိုင်းပညာရှင်ထံမှ သင်ယူသည်။ ဂျွန်ဒူကော်သည် မကြာခင် (Lenberz) လင်ဘတ်မြို့၏ ဂိုဏ်းချုပ်ဆရာတော် ဖြစ်လာသည်။ စိန့်ကာစီမီရ် (၉)နှစ်သားအရွယ် သူ၏သန့်ရှင်းဖြူစင်ခြင်း ထင်ပေါ်ခဲ့သည်။ မင်းသားငယ်လေးသည် ဘုရားကျောင်းပိတ်ထားပြီး ညတိုင်း ကိုယ်တော်မြတ်ကျောင်းဆောင်ရှေ့၌ ဒူးထောက်ဆုတောင်းလေ့ရှိသည်။ အစာရှောင်ခြင်း၊ ချိုးခြံခြင်း၊ အဝတ်အစားအညံ့စား ဝတ်ဆင်ခြင်း၊ ကြမ်းပြင်ပေါ်အိပ်ခြင်းစသည့် ခြိုးခြံခြင်းပါရမီ ကျင့်ခဲ့သည်။ ဂရုဏာမေတ္တာသည် ရှေ့သို့ဦးတည်၍ ဆင်းရဲသားများအား ကာကွယ်သော ဖခင်ဟု နာမည်ကျော်သည်။
စိန့်ကာစီမီရ်သည် မယ်တော်သခင်မအား တထူးတခြားရိုသေ အားကိုးသူဖြစ်သည်။ သူသည် မယ်တော်မာရီးယား ကောင်းမြတ်တော်မူသော ကျွန်ုပ်၏မယ်တော်ဟု ရွတ်ဆိုလေသည်။ (Canterbury) ကာသာဘိုရီ မှ စိန့်အန်ဆဲလ် သီဆိုစပ်ဆိုသော မယ်တော်သီချင်းအား နေ့စဉ်ဆိုလေ့ရှိသည်။ ၁၄၈၁ မှ ၁၄၈၃ အတွင်း ဘုရင်အဖြစ် တင်မြောက်ကြသည်။ သူသည် ပိုလန်ဘုရင် ဖြစ်လာသည်။ သို့သော် (၂၆)နှစ် သက်တော်ပြည့်လာသော် ပျံလွန်တော်မူသည်။
သူကွယ်လွန်ပြီး နှစ်ပေါင်း (၁၂၂)နှစ်မှ သူ့ခန္ဓာကိုယ် ပျက်စီးခြင်းမရှိဘဲ ပကတိအတိုင်း ရှိနေကြောင်းတွေ့ရသည်။ သူသည် ပိုလန်နှင့် လစ်တူနီယား၏ ရဟန္တာကြီးအဖြစ် ပလိပ်ရောဂါ ကာကွယ်ပေးသောသူဖြစ်ကြောင်း ကိုးစားကြသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
ရဟႏာၱ