သူသည် ရသေ့ကျောင်း၌ နေရသည်။ ပြင်သစ်ပြည် တောင်ပိုင်းကမ်းခြေ ရသေ့ကျောင်း၌ နေရသည်။ ၅၈၀-ခုနှစ်တွင် (Arles) အာရ်လာစ် ဆရာတော်ကြီး ဖြစ်လာသည်။ ပုပ်ရဟန်းမင်းကြီး စိန့်ဂရေဂေါ်ရီက သူ့အား ရဟန်းအမတ် ကိုယ်စားလှယ်အဖြစ် ခန့်အပ်သည်။ (Gaul) ဂေါလ် ဆရာတော်များနှင့် ရဟန်းမင်းကြီးအကြား တာဝန်ဝတ္တရား ဆောင်ရွက်ပေးသည်။ စိန့်ဗါဂျီလီအူးစ်က စိန့်ဩဂုတ်စတင်းအား ကန်တာဘိုရီဆရာတော်အဖြစ် ဘိသိက်မင်္ဂလာပေးခဲ့သည်။
၅၉၁-ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီးထံမှ စာတစ်စောင် ရောက်လာသည်။ စိန့်ဗါဂျီလီအူးစ်နှင့် ဆရာတော်ကြီးများသည် ချီးမွမ်းထိုက်ပါသည်။ ပြင်သစ်ပြည်မှာ နေထိုင်ကြသော ဂျူးလူမျိုးများ အမြောက်အများ တရားမှန်သိစေပြီး ကက်သလစ်ဘာသာထဲ ဝင်စေနိုင်ခြင်းကြောင့်ဖြစ်သည်။ သူတို့ကြိုးစားမှု လုပ်ဆောင်အောင်မြင်ခြင်းကို ချီးမွမ်းကြောင်း ပုပ်ရဟန်းမင်းကြီးက စာရေးနှုတ်ဆက်ခဲ့သည်။ ယုံကြည်ခြင်း၌ ထက်သန်ပြီး နှုတ်ကပတ်တော်အမြဲ သက်သေခံစေကြောင်း ဆုမွန်ကောင်း တောင်းပေးကြောင်း ပြောကြားသည်။