Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#5 March 2021 #St. John Joseph of the Cross #Fr.​​ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe
(Carlos Caetano) သည် အိုင်ယာလန်ပြည် အီစ်ကီယားမှာ မွေးဖွားသည်။ ငယ်ရွယ်စဉ်ကစပြီး ဘုရားတရား ကြည်ညိုလေးစားခြင်း၊ ဆင်းရဲသားများအား ချစ်ခင်ခြင်း၌ ထင်ရှားကျော်ကြားလာသည်။ အသက် (၁၆) နှစ်အရွယ်တွင် အီတလီရှိ ဖရန်စစ္စကန်အသင်း၌ ပထမဦးဆုံး ပါဝင်ခဲ့သည်။ ၁၅၂၄ -ခုနှစ်၌ ရှင်ပီတာက စပိန်ပြည်၌ စတင်တည်ထောင်ခဲ့သည်။ ဖရန်စစ်ဂိုဏ်းသို့ ဝင်ရောက်ပြီး Carlos Caetano မှ John Joseph ဟုနာမည်ပြောင်းလိုက်သည်။ 
သူသည် ငယ်စဉ်ကတည်းက ဘုရားသခင်အား ချစ်သည့်အတိုင်း ဝါရှောင်ခြင်း၊ အသားရှောင်ခြင်း၊ ခြိုးခြံခြင်းများ ကျင့်ခဲ့သည်။ တစ်ညမှာ (၃)နာရီသာ အိပ်လေ့ရှိသည်။ အသက် (၂၄) နှစ်ရောက်လာသောအခါ Novice Master ဖြစ်လာသည်။ ၁၇၀၂ ခုနှစ်၌ ရဟန်းသိက္ခာ ခံယူသည်။ Alcantarine (အာလ်ကန်တာရင်း) အီတလီ၌ ပြုပြင်ပြောင်းလဲရေး ပြုလုပ်ခဲ့သည်။ သူ့လုပ်ငန်း၌ အောင်မြင်မှုရရှိခဲ့သည်။ အသက်တော်ကြီးရင့်လာသည့်အခါ သူထမ်းဆောင်နေသော တာဝန်ဝတ္တရားကြီးအား လွှတ်ငြိမ်းခွင့်တောင်းသည်။ စိတ်အေးချမ်းစွာ တရားကျင့်တော့သည်။
စိန့်ဂျွန်ဂျိုးဇက်၏ တန်ခိုးလက္ခဏာများသည် မကျန်းမာသူအား ပျောက်ကင်းစေခြင်း၊ စိတ်နှလုံးသက်သာစေခြင်း၊ ငတ်မွတ်ဆင်းရဲချိန်၌ အစားအစာ ပွားများခြင်းတို့ဖြစ်သည်။
 
#Fr.​​ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
ရဟႏာၱ