Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#6 March 2021 #St. Colette (Virgin), စိန့်ကော်လက် (ကညာစင်) (1381-1447) #Fr.​ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe

စိန့်ကော်လက်သည် ပြင်သစ်ပြည် ပီကာဒီမြို့၌ မွေးဖွားသည်။ သူ့အသက် (၁၁) နှစ်၌ သာသနာအမှုထမ်းရန် ဘက်နဒစ်တင်ကျောင်း၌ တိတ်တဆိတ်ပြင်ဆင်ကြောင်း သိစေသည်။ ငယ်ရွယ်နုနယ်သော မိန်းကလေးဖြစ်သော်လည်း ဆင်းရဲခြင်းပါရမီကျင့်သော ရသေ့ကဲ့သို့ ကျင့်ခဲ့သည်။ ဘက်နဒစ်တင်ကျောင်းနှင့် (The poor Clares)ကျောင်း၌ ဘုရားအတွက် အစေခံအမှုထမ်းခဲ့သည်။ နောက်ဆုံး သူမ၏အကြီးအကဲက (Corbie) ကော်ဘီရှိ မယ်တော်သခင်မဘုရားကျောင်း၌ တစ်ဦးတည်းတရားကျင့်ရန် တိုက်တွန်းသည်။ ကောင်းကင်နမိတ်အား သူမထင်ရှားစေသည်။ ဖရန်စစ္စကင်ဂိုဏ်း၌ သူမ၏အခြေခံပါရမီအား ပေါ်လွင်စေခဲ့သည်။ ပုပ်ရဟန်းမင်းကြီး ဘက်စုံဒီ (၁၃)က Poor Clare ဂိုဏ်းအား ပြန်လည်ပြုပြင်ရန် အခွင့်ပေးလိုက်သည်။ Colettines ကော်လက်၏ပြုပြင်ပြောင်းလဲပေးမှုကြောင့် ဖရန်စစ္စကင်ကွန်ဗင့်၌ တိုးတက်လာခဲ့သည်။ သူမကွယ်လွန်ပြီး ကွန်ဗင့် (၁၇)နေရာနှင့် ရသေ့ကျောင်း (၁၄)ကျောင်း တိုးချဲ့နိုင်ခဲ့ကြသည်။ ၎င်းကျောင်းများ၌ သီလရှင်များသည် အစာရှောင်ခြင်း၊ အသားရှောင်ခြင်း၊ ကိုယ်ပိုင်ပစ္စည်းမထားခြင်း စသည့် အများနှင့်ပိုင်ဆိုင်မှုတောင် မထားခြင်းကျင့်ခဲ့ကြသည်။ စိန့်ဂျွန် (Arc) နှင့် စိန့်ဂျွန်ကာပီစ်ထာရန်လည်း အသစ်ပြုပြင်ရေး၌ အတိုင်ပင်ခံများ ဖြစ်ကြသည်။ စိန့်ဗင်းဆင်းဖက်ရာက သူမအား စီတန်းလှည့်လည်ရာတွင်သုံးသည့် ကားတိုင်ကြီးအား အမှတ်တရ လက်ဆောင်ပေးလိုက်သည်။ စိန့်ကော်လက်သည် ငယ်ဖြူဘဝ၌ ဆင်းရဲခြင်းပါရမီ၌ ကျော်ကြားခဲ့သည်။

#Fr.​ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

 

ရဟႏာၱ