Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#7 March 2021 #St. Perpetua and St. Felicity (Martyrs), စိန့်ပါပက်ကျူအား နှင့် စိန့်ဖိလီစီတီ (ဓမ္မအာဇာနည်များ) #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe
စိန့်ပါပက်ကျူအားနှင့် စိန့်ဖိလီစီတီတို့သည် စက်တီစီမုစ်၏ ညှင်းပန်းနှိပ်စက်သည့်အချိန်မှာ ဒုက္ခအခက်အခဲ ခံခဲ့ကြသည်။ စိန့်ဖိလီစီတီသည် စိန့်ပါပက်ကျူအား၏ ကျွန်မဖြစ်ခဲ့သည်။ ထိုသူတို့နှစ်ယောက်နှင့်အတူ အဖွဲ့သားများ တရားတော်အတွက် အသေခံကြသည်။ စက်တီမုစ်ကဗေရုစ်က ဓမ္မဆရာတစ်ဦးအား ဖမ်းဆီး၍ အကျဉ်းထောင်ချခဲ့သည်။ ဘုရားစကားလေ့လာသင်ကြားနေသူ (၅)ဦးလည်း အကျဉ်းထောင်ချခံသည်။ စိန့်ဖိလီစီတီသည် ကိုယ်ဝန်အရင့်အမာ ရှိနေချိန်ဖြစ်သည်။ အကျဉ်းထောင်ထဲမှာ အားလုံးဆေးကြောခြင်းမင်္ဂလာ ခံကြသည်။ Saturus ဆာတူရပ်စ်သည် ဓမ္မဆရာတစ်ဦးဖြစ်သည်။ 
ပါပက်ကျူအားဖခင်က ယုံကြည်ခြင်းကို ငြင်းပယ်ရန် ဆွဲဆောင်သည်။ အချစ်ဆုံးသမီး ဖြစ်သည့်အတွက် ညှင်းပန်းနှိပ်စက်ခြင်းကို မကြိုက်ပါ။ ရူပါရုံ၌ ရွှေလှေကားကြီးအား နဂါးကြီးက စောင့်နေသည်ကို မြင်ရသည်။ အောက်ကိုဆင်းရန်အတွက် မလွယ်ပါ။ လက်နက်အပြည့်အစုံ၊ ဆူးများတပ်ဆင်ထားသည်။ လှေကားကြီးမှ တက်ဖို့ရန် မလွယ်ကူပါ။ သို့သော် ဆာတူရပ်စ် (ဓမ္မဆရာ) နောက်သို့လိုက်သောအခါ အရပ်ရှည်လူမျိုးတစ်ယောက်က ကြိုဆိုနေကြောင်း တွေ့ရသည်။ ဆရာဆာတူရပ်စ်က နဂါးကြီးအား ပစ်သတ်လိုက်ကြောင်း တွေ့ရသည်။ လူပျိုသည် သိုးထိန်းကောင်းတစ်ပါးဖြစ်၍ သူမအား ဒိန်ခဲနှင့် နို့အား ပေးကြောင်း တွေ့ရသည်။ ရူပါရုံမြင်ခြင်းအားဖြင့် သူမသည် တရားတော်အတွက် အသေခံရန် ကြိုတင်သိနှင့်သည်။ 
သူမ၏ဖခင်က လူထုရှေ့မှာ ဘာသာရေးစွန့်ပစ်ရန် ဆွဲဆောင်ပြန်သော်လည်း မရပါ။ ထိုစိန့်ပါပက်ကျူအားအား သေဒဏ်ပေးကြသည်။ စိဆာပွဲအတွက် တိရစ္ဆာန်ရိုင်းများ ကိုက်စားစေ အမိန့်ချသည်။ ရူပါရုံတစ်ခု ထပ်မြင်၍ အစ်ကိုဒီနိုခရေး (Dinocrates) သာယာကြည်နူးသော မျက်နှာထားနှင့် ကောင်းကင်ဘုံ၌ နေရကြောင်းကို တွေ့မြင်သည်။ မကြာခင် သူတို့၏ အကျဉ်းထောင်အား တစ်ခြားနေရာသို့ ပြောင်းရွေ့စေသည်။ ဒုတိယအကြိမ် ရူပါရုံ၌ ပွန်လေဒိုစ် (ဦးပဉ္စင်းကြီး)က သူ့အား ခေါ်သွားကြောင်း မြင်တွေ့ရသည်။ 
စိန့်ဖိလီစီတီသည် ကိုယ်ဝန်ရှိသည့်အတွက် သေဒဏ်စီရင်ရန် ဥပဒေနှင့် မကိုက်ညီသည့်အတွက် ထောင်ထဲ၌ သည်တိုင်းထားရှိကြသည်။ ကေသ၏ပွဲနေ့မရောက်ခင် (၃)ရက်အလိုမှာ သမီးမိန်းကလေးတစ်ယောက် မွေးဖွားသည်။ 
စိန့်ပါပက်ကျူအား၊ စိန့်ဖိလီစီတီနှင့် အပေါင်းအပါတို့အား သေဒဏ်စီရင်သည့်အတိုင်း တရားတော်အတွက် အသေခံကြသည်။ 
 
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
ရဟႏာၱ