Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#8 March 2021 #St. John of God, စိန့်ဂျွန်း (1495 - 1550) #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe
စိန့်ဂျွန်သည် ပေါ်တူဂီပြည်၌ မွေးဖွားခဲ့သည်။ သို့သော် စပိန်ပြည်၌ ကြီးပြင်းလာသည်။ သူ၏ဘုရားတရား ကြည်ညိုခြင်း၊ သစ္စာသမာဓိရှိခြင်းအား လူတိုင်းသိကြသည်။ ပြင်သစ်ပြည်၌ စစ်တပ်လုပ်ခဲ့သည်။ ဗီနားအား သိမ်းပိုက်ခြင်းခံရသောအခါ သူသည် ဘုရားအတွက် အမှုထမ်းရန် ဆုံးဖြတ်သည်။ ခရစ်ယာန်များ သုံ့ပန်းအဖြစ် အဖမ်းခံသောအချိန်၌ သူသည် အားလုံးကိုယ်စား သုံ့ပန်းပြုရန် မိမိကိုယ်ကို အပ်နှံသည်။
ကီဘရားလားမှာ ဘာသာရေးစာအုပ်များ၊ ဘုရားကားချပ် ပုံတော်များအား လိုက်လံရောင်းချခဲ့သည်။ အသက် (၄၅)နှစ်အရွယ်၌ သူငယ်တော်ယေဇူးက ရူပါရုံပြသည်။ တစ်နေ့ သူငယ်တော်ယေဇူးက ပြောသည်မှာ “ဂျွန် သင့်အတွက် (Granade) ကရာနာဒါသည် အကြီးဆုံးသော ကားတိုင်ကြီးဖြစ်သည်။ ၎င်းမြို့၌ ငါပြင်ဆင်ထားသည့် သွန်သင်ချက်ရှိသည်။” အဗီလာမှ ဂျွန်သည် ဟောပြောခြင်းနှင့် မိမိဥစ္စာပစ္စည်းအား သူတပါးအား ပေးကမ်း လှူဒါန်းခဲ့သည်။ မိမိကိုယ်ကို အများအတွက် အသုံးပြုသည်။ တချို့လူများသည် သူ့အား စိတ်မကောင်းသူ (သို့) စိတ်ရူးသူဟုထင်ကြသည်။ နေမကောင်းသူ၊ ဆင်းရဲသားများကို ကူညီခဲ့သည်။ အများအကျိုးဆောင်သူ ဖြစ်သည်။ 
စိန့်ဂျွန်သည် Grands မှာ မကျန်းမာသူများအား ပြုစုရန် အိမ်ငယ်တစ်လုံးဆောက်၍ လူတိုင်းကို ပြုစုသည်။ အနာပြည်တည်၍ အနာရင်းသူများအားလည်း ရေဆေးပေးခြင်း ပြုစုခဲ့သည်။ နောက်ဘုန်းတော်ကြီးတစ်ပါးက ကြားသိသောအခါ လိုအပ်သောအစားအသောက်၊ ဆေးဝါး၊ အဝတ်အစားအား ကူညီပေးသည်။ ကျန်သောအချိန်ကို လူနာသည်အတွက် မြို့ထဲ၌အလှူဒါနခံသည်။ မေတ္တာဂရုဏာလုပ်ငန်း၌ ကိုယ်တိုင်အလှူခံခဲ့သည်။ တခါကလည်း ညီအစ်ကိုတို့ မိမိကိုယ်ကို ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအားကောင်းသော လုပ်ငန်းအဖြစ် အသုံးပြုပါ။ 
ထို့ကြောင့် စိန့်ဂျွန်အား နေစရာအိမ်မရှိသူ၊ အားကိုးရာမဲ့သူများ၊ မုဆိုးမ၊ မုဆိုးဖို၊ ဆင်းရဲသားများ၊ အလုပ်လက်မဲ့သူများ၊ မကျန်းမမာရှိသူများ၏ဖခင်ကြီး၊ ကူညီပေးသူ၊ နှစ်သိမ့်ပေးသူဟု ချစ်ခင်ကြသည်။ နောက်ဆုံး၌ ဂိုဏ်းချုပ်ဆရာတော်ကြီးကိုယ်တိုင် သူ၏လုပ်ငန်းအား ကူညီထောက်ပံ့ အားပေးခဲ့သည်။ သူ၏သန့်ရှင်းဖြူစင်ခြင်းသည် ထင်ပေါ်ကျော်ကြားလာသည်။ တန်ခိုးလက္ခဏာများလည်း ဖော်ပြလေ့ရှိသည်။ သူသည် ကိုယ်တော်မြတ် ကျောင်းဆောင်ရှေ့မှာ ဘုရားသခင်ထံ ဒူးထောက်ဆုတောင်းရင်း သေဆုံးခဲ့ရရှာသည်။ စိန့်ဂျွန်သည် ဆေးရုံ၊ ဆေးပေးခန်းများ၊ မကျန်းမမာသူများ၊ သူနာပြုဆရာမများ၊ ဆရာဝန်များ၊ ပုံနှိပ်စက်များ၊ စာအုပ်ရောင်းဝယ်သူများ၏ ကိုးစားရာ ရဟန္တာကြီးတစ်ပါးဖြစ်သည်။ 
သူ၏အစ်ကိုအား (Hopitaller) ဟိုပီတာလာဟုခေါ်၍ အီတလီပြည်၌ “Fate bene Fratelli” (Do Good Brethren) ညီအစ်ကိုတို့ ကောင်းမှုပြုလုပ်ကြပါဟု ဆောင်ပုဒ်ရှိသည်။ ကမ္ဘာတစ်ဝှမ်း၌ ဆေးရုံများ (၁၀၀) လောက်တည်ဆောက်၍ မကျန်းမမာသူ လူသားတိုင်းအား ပြုစုကြည့်ရှုကြသည်။
 
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
ရဟႏာၱ