#9 March 2021
#St. Frances of Rome, စိန့်ဖရန်စစ် (1384 – 1440)
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
Posted by M Sulatthtwe
သူသည် အသက်(၆)နှစ်သား အရွယ်ကစပြီး ဘုရားတရားကြည်ညိုသူဖြစ်သည်။ (၁၂)နှစ်ရောက်လာသောအခါ သာသနာ့ဘောင်သို့ ဝင်လိုသော်လည်း ဖခင်အား နာခံရိုသေသောကြောင့် ရောမမြို့က လူကြီးဂုဏ်ရှိသူ “လောရင်ယိုဒေပွန်ရီနီ” နှင့် လက်ထပ်ခဲ့ကြသည်။ လက်ထပ်ပြီးအနှစ်(၄၀)ကြာသောအခါ သားသမီး(၆)ယောက်ရခဲ့သည်။ နေ့တိုင်း၊ ညတိုင်းမိသားစု ဆုတောင်းမေတ္တာ ပြုလုပ်ကြသည်။ အိမ်တွင်းပြဿနာ၊ စကားအချင်းချင်းများခြင်း လုံးဝမရှိဘဲ ချစ်ချစ်ခင်ခင် နေကြသည်။ အိမ်ရှင်မတိုင်း ဘုရားတရားမမေ့ဖို့ရန် သူ့မှာခံယူချက်ရှိသည်။ အိမ်မှုကိစ္စအဝဝ တာဝန်ကျေပွန်နိုင်ရန် နေ့တိုင်းဘုရားသခင်အား အပ်နှံပူဇော်လေ့ရှိသည်။
အနောက်နိုင်ငံ၌ ဘာသာရေး အတိုက်အခံ ပေါ်လာသောအချိန်၌ ရောမမြို့သည် ဒုက္ခအခက်အခဲမျိုးစုံနှင့် ကြုံတွေ့ရသည်။ ၁၄၀၈-ခုနှစ်၌ စိန့်ဖရန်စစ်မိသားစုအသည် ရုတ်တရက် အတိဒုက္ခနှင့် ရင်ဆိုင်ကြုံတွေ့ရသည်။ ၎င်းအချိန်၌ သူမ၏ခင်ပွန်းသည်အား အကျဉ်းထောင်ချရာတွင် ရဟန်းမင်းကြီး၏ အနီးကပ်ဆုံး မိသားစု၌ ပါဝင်သည်။ ၈-နှစ်သားအရွယ် သူမ၏သားအား အာမခံအဖြစ်သွင်းရန် တောင်းဆိုကြသည်။ Naples နယ်ပါလ်တပ်များက ဤကဲ့သို့ သိမ်းပိုက်၍ ဒုက္ခပေးနေသည်။ မကြာခင် လွတ်မြောက်ခြင်း ခံရသည်။ သို့သော် ၁၄၁၀-ခုနှစ်၌ ရောမမြို့ပျက်စီးသောအခါ သူတို့၏နန်းတော်လည်း ပျက်စီးရသည်။ သမီးနှစ်ယောက်လည်း သေကြသည်။
စိန့်ဖရန်စစ်၏ သန့်ရှင်းဖြူစင်ခြင်း၊ ခြိုးခြံခြင်း၊ ဝိညာဉ်ရေးအတွက် ကြိုးစားခြင်း၊ ဆင်းရဲသားများအား မေတ္တာဂရုဏာနှင့်ကူညီခြင်း စသည့် သူ၏ပါရမီများသည် ရောမလူမျိုး အိမ်ရှင်မများအား လင်းစေသည်။ အမျိုးသမီးတိုင်း လောကပျော်ရွှင်မှုဘဲ လိုက်စားသောသူများအား အမြင်မှန်ရစေသည်။ ၁၄၃၀-ခုနှစ်၌ (Benedictine Oblate Congregation of Tor de’Specclin) ဘက်နဒီတင်းဂိုဏ်အား တည်ထောင်ခဲ့သည်။ သူတို့၏ ဝိနည်းဥပဒေမှာ (Vow) ကတိသစ္စာအား ဆိုခြင်းမရှိဘဲ ဆုတောင်းခြင်း အဆက်မပြတ်ပြုလုပ်ရန် မကျန်းမမာသူများအား ကြည့်ရှုခြင်း၊ ဆင်းရဲသားများအား ပြုစုကူညီခြင်းဖြစ်သည်။
ဖရန်စစ်သည် နတ်မိစ္ဆာနှင့်ဆိုင်ရာစာပေ၊ စာအုပ်များကို ဖတ်၍စဉ်းစားတွေးတောသည့် ဝါသနာရှိသည်။ သူမသည် ကြိုတင်၍ အနာဂတ်နိမိတ်ဟောပြောခြင်း၊ ရောဂါပျောက်ကင်းစေနိုင်ခြင်း စသည့်တန်ခိုးရှိသည်။ (၂၃)နှစ်အရွယ်၌ ဘုရားသခင်က သူ၏ကိုယ်စောင့်သိကြားအား မြင်နိုင်ခွင့်ပြုသည်။ ခင်ပွန်းသေဆုံးသောအခါ သူမတည်ထောင်ထားသောဂိုဏ်းမှာ ဝင်ရောက်အမှုထမ်းခဲ့သည်။ (၄)နှစ်ကြာသောအခါ ဘုရားသခင်က ပြန်လည်သိမ်းပိုက်ခဲ့သည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
ရဟႏာၱ