Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#10 March 2021 #The Forty Martyrs of Sebaste, ဆေဘါစ်တေ၌ တရားတော်အတွက်အသေခံ (၄၀)ဦး #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe

တရားတော်အတွက် အသေခံသူ (၄၀)လေးဆယ်တို့သည် (Armenia) အာမေးနီယားပြည် ဆေဘါစ်တေ (Sebaste) မှ တပ်မတော်သား စစ်သားများ ဖြစ်ကြသည်။ (၃၂၀-အေဒီ) ခုနှစ်၌ တရားတော်အတွက် အသက်ပေးလှူကြသည်။ ဗိုလ်ကြီးအမိန့်အတိုင်း အမှုထမ်းများ ဖြစ်သည့်အတိုင်း အထက်က ဘုရားသခင်ကိုလည်း ရိုသေကျိုးနွံနာခံကြ၍ ယုံကြည်ကြသည်။ 

ဗိုလ်ကြီးအာဂရိကော်လစ်က ရုပ်ထုအား ကိုးကွယ်ပူဇော်ရန် အမိန့်ပေးလိုက်သည်။ အုပ်ချုပ်ရေးမှူးဖြစ်သူက အမိန့်ချမှတ်၍ အစုလိုက်လူ စည်းရုံးစေသည်။ စစ်သား (၄၀) တို့သည် လူမျိုးပေါင်းစုံ ပါဝင်ကြသည်။ အာဂရိကော်လစ် အမိန့်အတိုင်း ရုပ်ထု နတ်ဘုရားအား မကိုးကွယ်သူအား သေဒဏ်ချမှတ်ရန် ဖြစ်သည်။ ကာပါဒိုစီယားမှ အာဏာပိုင်က အမိန့်မနာခံသူများအား သေဒဏ်ပေးလိုက်သည်။ ဆေဘါစ်တေရှိ ခုံရုံး၌ ရဲဘော်(၄၀)တို့သည် ခရစ်ယာန်များ ဖြစ်ကြသည့်အတွက် စစ်ဆေးကြသည်။ သူတို့ကို အရင်ညှင်းပန်းနှိပ်စက်၍ ဝေဒနာခံစားစေပြီး ခြိမ်းခြောက်ကြသည်။ သူတို့၏ ကံကြမ္မာကို စဉ်းစား၍ မရကြပါ။
 
အာဏာပိုင်က ပထမ၌ သူတို့အား ယုံကြည်ခြင်းစွန့်လွှတ်ရန် ဆွဲဆောင်ခဲ့သည်။ သို့သော်မရသည့်အတွက် ညှင်းပန်းနှိပ်စက်ပြီး အကျဉ်းထောင်ချသည်။ သူတို့ဒုက္ခရောက်နေသည့်အချိန်မှာ ရူပါရုံအားဖြင့် ခရစ်တော်သခင်က ယုံကြည်ခြင်းမပျက်ဘဲ အဆုံးတိုင် ခံထမ်းနိုင်ရန် နှစ်သိမ့်အားပေးသည်။
 
အာဏာပိုင်သည် အလွန်ရက်စက်သည်။ ဆောင်းရာသီ အလွန်ချမ်းသောအချိန်မှာ တုံးလုံးရေခဲပြင်၊ လဟာပြင်ထဲမှာ မသေမချင်းထားသည်။ သူတို့သည် အင်္ကျီ၊ ဘောင်းဘီ၊ အဝတ်များ ပျော်ရွှင်စွာ ချွတ်ခွာကြ၍ အမိန့်အတိုင်း ဆောင်ရွက်ကြသည်။ တစ်ညခံရသော အအေးဒဏ်သည် ထာဝရပျော်ရွှင်မှုအတွက်ဖြစ်ကြောင်း အချင်းချင်း အားပေးကြသည်။ (“Together they praised;” Lord, we are forty who are engaged in this conflict, grant that forty may be crownd and that we may not fall short of that sacred number”.) သူတို့အားလုံး ဘုရားအား ဆုတောင်းချီးမွမ်းသည်မှာ သခင် (ကျွန်ုပ်တို့) တပည့်တော်တို့အားလုံး (၄၀)ယောက်သည် ဒုက္ခအခက်အခဲများကို ကိုယ်တော်အတွက် ခံရမည်။ ယုံကြည်ခြင်းမပျက် အဆုံးတိုင်တည်ကြည်ပြီး အောင်မြင်ခြင်း ဦးဆောင်သရဖူကို အားလုံးဆောင်းနိုင်ရန် အခွင့်ပေးပါဟု ဆုတောင်းကြသည်။
 
သူတို့အား စောင့်ကျပ်နေသည့် စစ်တပ်များက ကောင်းကင်မှ သိကြားတမန် (၃၉)သုံးဆယ်ကိုးပါး ဆင်းကြွလာပြီး ဦးဆောင်သရဖူ(၃၉)ခု ယူလာကြောင်း မြင်တွေ့ကြရသည်။ အားလုံးထဲမှ တစ်ယောက်သည် စိတ်ဓာတ်ကျ၍ ယုံကြည်ခြင်း အားနည်းခဲ့သည်။ ထိုတစ်ယောက်သည် လွတ်မြောက်ရန် မီးရှိရာသို့ ဝပ်တွားလျှောက်စဉ် မလွတ်ဘဲ ချက်ခြင်းသေသွားသည်။ သို့သော် ရဲဘော်တစ်ယောက်သည် ခရစ်တော်အား ယုံကြည်ကြောင်း ဝန်ခံ၍ နောက်ထပ်တစ်ယောက် ထပ်တိုးသည့်အတွက် (၄၀)လေးဆယ်ယောက်တိတိ ပြန်ဖြစ်ရသည်။ ကျန်လူတွေအားလုံး တစ်ယောက်ပြီးတစ်ယောက် အသက်ထွက်သွားရှာသည်။ 
 
တရားတော်အတွက် အသေခံသောသူ (၄၀)လေးဆယ် (စစ်တပ်) အနက် လူငယ်တပ်သားတစ်ယောက်သည် အအေးဒဏ်ခံနိုင်ရန် ပိုရှိသည့်အတွက် အာဏာပိုင်များက အလောင်းများအား သယ်ယူသင်္ဂြိုလ်ရန် လုပ်သောအချိန် အသက်ရှုလျက်ရှိကြောင်း တွေ့ရသည်။ အာဏာပိုင်များက မိမိယုံကြည်ခြင်း ငြင်းပယ်ရန် ဆွဲဆောင်သော်လည်း မရပါ။ မိမိ၏ မိခင်ကိုယ်တိုင် ဘေးနားမှာရပ်နေ၍ အဆုံးတိုင် ဘုရားသခင်အား ယုံကြည်ရန် အားပေးနေသည်ကို အံ့ဩစွာတွေ့ကြရသည်။ သူငယ်ချင်းများနှင့်အတူ တောက်လောင်နေသော မီးလျှံထဲတွင် အလောင်းများအား ပစ်ချကြသည်။ 
 
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
ရဟႏာၱ