Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#11 March 2021 #St.Eulogius of Cordoba (Martyr), စိန့်ယူလိုဂျီအူးစ် (ဓမ္မအာဇာနည်) #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe
သူသည် စပိန်ပြည် (Spain) တောင်ပိုင်း (Cordoba) ကော်ဒိုဘာမြို့မှ မင်းတိုင်ပင်မှုးမတ်၏သားဖြစ်သည်။ ဤမြို့၌ လူဦးရေတစ်သန်းလောက်သည် မိုဟာမက်ဒင်လက်အောက် ဥရောပတိုက်က အုပ်ချုပ်သည်။ စိန့်ယူလိုဂျီအူးစ်သည် ပညာရေး၌ ထူးချွန်သူဖြစ်သည်။ စပိန်ပြည်တောင်ပိုင်း ခရစ်ယာန်များ အုပ်ချုပ်သည့် (Navarre) သို့ အလည်သွားခဲ့သည်။ မကြာခင် ရဟန်းဘောင်သို့ဝင်၍ သိက္ခာတင်ရသည်။ ရဟန်းသိက္ခာရပြီး (Cordoba) ၌ ရဟန်းဖြစ်ကျောင်း ကျောင်းအုပ် (Rector of Seminary) ဖြစ်သည်။ သူ၏ အဟောအပြောကောင်းခြင်း၊ သန့်ရှင်းဖြူစင်ခြင်းနှင့် နှိမ့်ချခြင်းကို ကျောင်းသားများက သတိထားကြသည်။ သူ့ကို ရိုသေလေးစားကြသည်။
 
အေဒီ ၁၃၀ (130 AD) ခုနှစ်၌ မဟာမိတ်များက စပိန်ပြည်ကို အုပ်ချုပ်လာသောအခါ ခရစ်ယာန်များအား အခွင့်အရေးပေးသည်။ အခွန်ကောက်ခံခြင်းလည်း ဘာသာရေးအား ကင်းလွတ်ခွင့်ပေးသည်။ အေဒီ ၈၅၀ ခုနှစ်၌ ခရစ်ယာန်များ ညှင်းပန်းနှိပ်စက်ခြင်း စတင်၍ ယုံကြည်ခြင်းအတွက် သွေးမြေကျခဲ့ရသည်။ စိန့်ယူလိုဂျီအူးစ်သည် ခရစ်ယာန်ယုံကြည်ခြင်းအား အပြောအဟော စာပေအားဖြင့် ခရစ်ယာန်များအား ပေးသည်။
 
အေဒီ ၈၅၈-ခုနှစ် (Toledo) တိုလေဒို ဂိုဏ်းချုပ်ဆရာတော်ကြီး ပျံလွန်တော်မူရာ စိန့်ယူလိုဂျီအူးစ်အား တိုလေဒိုဂိုဏ်းချုပ်ဆရာတော်အဖြစ် ရွေးကောက်တင်မြောက်ကြသည်။ သို့သော် ဆရာတော်ဘိတ်သိတ်မင်္ဂလာ မခံယူခင် ဖမ်းဆီးချုပ်နှောင်ပြီး ခေါင်းဖြတ်အသတ်ခံသည်။ အကြောင်းမှာ သူသည် မိုဟာမက်ဘာသာများဖြစ်သည့် အီစ္စလမ်ဘာသာသူ အမျိုးသမီးတစ်ဦးအား ကာကွယ်ပေးသည်။ အစ္စလမ်ဘာသာကို စွန့်ပစ်ပြီး ကာသိုလိပ်ဘာသာသို့ ယုံကြည်ဝင်လာသည်။ သူမသည် စိန့်လေအိုခရစ်ရှား (St.Leocritia) ဖြစ်သည်။ စိန့်ယူလိုဂျီအူးစ်၏ ဇွဲလုံ့လနှင့် ဘုရားအတွက် အလွန်တရားဟောပြောခြင်းကြောင့် မဟာမိတ်ဘာသာဝင်များ အာရပ်လူမျိုးတို့သည် ခရစ်တော်သခင်အား လက်ခံယုံကြည်လာကြသည်။ 
 
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
ရဟႏာၱ