#12 March 2021
#St.Theophanes (The Chronicler), စိန့်သီအိုဖါနက်စ် (ရာဇဝင်ရေးမှတ်သူ)
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
Posted by M Sulatthtwe
စိန့်သီအိုဖါနက်စ်သည် ကွန်စတန်တင်(၅)၏ ကြည့်ရှုစောင့်ရှောက်မှုအောက်တွင် ကြီးပြင်းလာခဲ့သည်။ သူ့ဖခင်သည် သူငယ်ရွယ်စဉ်က ဆုံးသွား၍ အမွေအနှစ် အများကြီးပေးခဲ့သည်။ သူ့အား (Byzantine Partician) သမီးနှင့် လက်ထပ်ရန် ဆွဲဆောင်ကြသည်။ သို့သော် နှစ်ဦးသဘောတူ သူ့အမျိုးသမီးသည် သီလရှင်ဘောင်သို့ဝင်သည်။ သူလည်း ရသေ့ကျောင်းသို့ဝင်သည်။ Cyzicus and the Kirmasti ချောင်းကြား သူကိုယ်တိုင်ဆောက်ထားသည်။ ပင်လယ်ကမ်းခြေ Mermera ပင်လယ်ကမ်းရှိ ရသေ့ကျောင်း၌ ဘုရားအတွက် အမှုထမ်းခဲ့သည်။
အေဒီ ၇၈၇-ခုနှစ်၌ ဒုတိယအကြိမ် နီဆဲလ် (Nicea) ညီလာခံအစည်းအဝေးသို့ တက်ရောက်ရန် စိန့်သီအိုဖါနက်စ်အား အသင်းတော်မှ ဖိတ်ကြားခဲ့သည်။ အကြောင်းမှာ သန့်ရှင်းသောဆင်းတု၊ ရဟန္တာများ အမွေအနှစ်များ အသုံးပြုရေး၊ မပြုရေးအား ဆွေးနွေးရန်ဖြစ်သည်။ အေဒီ ၈၁၄-ခုနှစ်မှာ အာမေနီယား ဧက္ကရာဇ်မင်းလေအို(၅)က ဆင်းတုဆိုင်ရာပေါလ်ဆီကို ဆန့်ကျင်ခဲ့သည်။ စိန့်သီအိုဖါနက်စ်သည် ဤကဲ့သို့ ဆင်းတု၊ ရုပ်ပွားတော်များအား ရိုက်ချိုးဖျက်ဆီးသည့် လေအိုဧက္ကရာဇ်မင်း၏ ဝါဒအား ရဲဝံ့စွာတိုက်ခိုက် ဆန့်ကျင်ခဲ့သည်။ ဧက္ကရာဇ်မင်းအား သတိမထားသည့်အတွက် သူ့သည် အကျဉ်းချခံထားရသည်။ သူ့အား အချက်ပေါင်း (၃၀၀)ရိုက်ပြီးမှ အကျဉ်းထောင်အတွင်းရုံးခန်းသို့ (၂)နှစ်ချထားကြသည်။ သူသည် ကျန်းမာရေးအခြေအနေမကောင်းဘဲ ခဏခဏဖျားသည်။ သူ့အား ဆာမိုထရဲကျွန်းသို့ ပြည်နှင်ဒဏ်ပေးခြင်း ခံခဲ့ရသည်။ ၎င်းကျွန်းမှာ ကွယ်လွန်ခဲ့သည်။ ဂရိတ်လူမျိုးနှင့် လာတင်းအသင်းတော်၏ ကိုးစားရာရဟန္တာဖြစ်သည်။
အေဒီ ၈၁၀ နှင့် အေဒီ ၈၁၄ ကြား အရေးကြီးဆုံး အသင်းတော်သမိုင်း မှတ်တမ်းရေးပုဂ္ဂိုလ်ကြီး ဂျောဆင်ဆေးလူစ်ကပြောသည်။ အေဒီ ၂၈၄ နှင့် အေဒီ ၈၁၃ အတွင်း အသင်းတော်သမိုင်းအား မှတ်တမ်းမှာ နီဆေးဖော့ရပ်စ် (၁) ကွန်စတန်တင်နိုပယ် အဓိကမူလသဘောတရားဖြစ်သော (Byzantine) ဘိုင်ဇတင်းသမိုင်းအကြောင်းရင်းအတွက် ရာစုနှစ် (၇)နှင့်(၈)တွင် နာမည်ကျော်သည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
ရဟႏာၱ