#13 March 2021
#St.Matilda (Queen), စိန့်မာတီလ်ဒါ (ဘုရင်မ) (895 – 968)
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
Posted by M Sulatthtwe
သူမ၏ဖခင် ကွယ်လွန်သောအခါ မိခင်သည် ကွန်ဗင့်ကျောင်းသို့ဝင်သည်။ စိန့်မာတီလ်ဒါလည်း (Erfurt) အေဖါရ်မြို့ ဂျာမနီနိုင်ငံကွန်ဗင့်၌ ကြီးပြင်းလာခဲ့သည်။ သူမငယ်စဉ်ကစပြီး ပါရမီနှင့်ပြည့်ဝကြောင်း ထင်ပေါ်လာသည်။ အသက်၁၄-နှစ်ပြည့်သောအခါ Henry of Saxong ဂျာမနီဘုရင်နှင့် လက်ထပ်ကြသည်။ ဘုရင်မဘဝ၌ ဘုရားတရားကြည်ညိုသူ၊ သန့်ရှင်းဖြူစင်သူဖြစ်၍ ဆင်းရဲသားများအား သနားကြင်နာကြောင်း ပြသခဲ့သည်။ အေဒီ ၉၃၆-ခုနှစ်၌ မုဆိုးမဘဝသို့ ရောက်ခဲ့သည်။ ဘုရင်မင်းမြတ် ကွယ်လွန်ခဲ့သည်။ သူမ၏ဆုတောင်းမေတ္တာပြုခြင်း၊ ခြိုးခြံခြင်း၊ အလှူဒါနပြုခြင်း၊ ဆေးရုံအမြောက်အများ တည်ဆောက်ခြင်း၊ ဘုရားရှိခိုးကျောင်းများ လှူဒါန်းဆောက်လုပ်ခြင်း၊ ဘေနဒစ်ရသေ့ကျောင်း ဆောက်လုပ်ပေးခြင်း စသည့်ကုသိုလ်များ ပြုလုပ်ခဲ့သည်။ သို့သော် သူမ၏သား Otto (အိုတို) နှင့် (Henry) ဟင်နရီတို့သည် အမျက်ထွက်၍ မိခင်အား ဆန့်ကျင်ကြသည်။ မိခင်၏ ဥစ္စာပစ္စည်းများ ပျက်စီးအောင်လုပ်ကြ၍ သူတို့အမင်္ဂလာရှိကြောင်း သိလာသောအခါ နောင်တယူ၍ မိခင်အားခွင့်လွှတ်ရန် တောင်းပန်ကြသည်။
သူမ၏အကြီးဆုံးသားသည် ဂျာမဏီဧက္ကရာဇ်မင်းကြီး ဖြစ်လာသည်။ ဒုတိယသား စိန့်ဘရူးနိုး (St. Bruno, Arch Bishop of Colonge) သည် ကိုလိုနီ၏ ဂိုဏ်းချုပ်ဆရာတော်ကြီး ဖြစ်လာသည်။ သမီးတစ်ယောက်သည် ပြင်သစ်ဘုရင်လိုအိုစ်(၄) နှင့် လက်ထပ်ကြသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
ရဟႏာၱ