Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#14 March 2021 #St.Euphrasia (Virgin), စိန့်ယူဖရေးစီယား (ကညာစင်) #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe
စိန့်ယူဖရေးစီယားသည် အန်တီရိုနိစ်မှ ကွန်စတန်တင်နိုပါယ်ဘုရင်၏ မင်းတိုင်ပင်မှူးမတ်၏သမီးဖြစ်သည်။ သူမ၏ဖခင်သည် သူမမွေးဖွားပြီး မကြာခင် ဘုရားသခင်က ပြန်လည်သိမ်းပိုက်ခဲ့သည်။ ဖခင်သည် တီအိုဒိုစီ (ဧက္ကရာဇ်မင်းကြီး) ၏ ဆွေမျိုးဖြစ်သည်။ ထို့ကြောင့် ယူဖရေးစီယားနှင့် မိခင်အား ဧက္ကရာဇ်မင်းကြီးတီအိုဒိုစီက ကြည့်ရှုစောင့်ရှောက်ခဲ့ရသည်။ သူတို့၏ ယဉ်ကျေးမှုထုံးစံအတိုင်း ဧက္ကရာဇ်မင်း တီအိုဒိုစီက ယူဖရေးစီယား (၅)နှစ်အရွယ်တွင် သူဌေးကြီးမင်းတိုင်ပင်၏သားနှင့် စေ့စပ်ကြောင်းလမ်းစေသည်။ သို့သော် မကြာခင် ယူဖရေးစီယားနှင့် မိခင်သည် အီဂျစ်ပြည်သို့သွား၍ ကွန်ဗင့်ကျောင်းနားမှာ သွားနေကြသည်။ တစ်နေ့ ယူဖရေးစီယား (၇)နှစ်အရွယ်မှာ မိခင်အား ကွန်ဗင့်ကျောင်းဝင်ရန် အခွင့်တောင်းလေသည်။ ဘုန်းကြီးကလည်း ဘုရားသခင်အလိုတော်ဖြစ်နိုင်ကြောင်း သူမအား အခွင့်အရေးပေးရန် မိခင်အား အကြံပေးသည်။ မိခင်ကလည်း သူမအား ကွန်ဗင့်ကျောင်းသို့ဝင်ရန် အခွင့်ပေးလေသည်။ မကြာခင် ဝတ်ရုံဖြူဝတ်သည်။ မိခင်သည် မကြာခင် သေဆုံးသွားသည်။ 
 
သူမ၏ စေ့စပ်ကြောင်းလမ်းခြင်းကို ငြင်းပယ်၍ ပယ်ဖျက်ပြီး ဧက္ကရာဇ်မင်း (အကားဒီအိုစ်) ထံ သူမရသင့်သော အမွေများယူရန် အခွင့်တောင်းသည်။ အသက်(၁၂)နှစ်ရှိလာသည့်အခါ ဤကဲ့သို့အမွေတောင်းပြီး ဆင်းရဲသားများအား ဝေမျှရန်ဖြစ်ကြောင်း ပြောဆိုစာရေးသည်။ သူမ၏ခေါ်တော်မူခြင်းအား ထောက်ခံအားပေးရန်လည်း စာရေးသည်။ 
 
ယူဖရေးစီယား၏တောင်းခံခြင်းအား အာဏာဒီနစ်က လိုက်နာသည်။ သူမသည် ဘာဒုက္ခပဲတွေ့ရတွေ့ရ ခံထမ်းရန် ဆုံးဖြတ်ထားသည်။ 
 
မကြာခင်နှစ်များတွင် သူမအိပ်ရာပေါ်လဲ၍ နေသောအခါမှာ ဂျူလီယားသည် ကောင်းကင်၌ ဘုရားသခင်အားဖူးမြင်၍ ကျေးဇူးအပေါင်းနှင့် ပြည့်စုံကြောင်း ထင်ရှားသည်။ သူမသည် မကြာခင် ဘုရားသခင် ပြန်လည်သိမ်းပိုက်သည်။
 
ရုရှားနိုင်ငံတွင် (Byzantine Mass) ဘိုင်ဇန်တင် မစ္ဆားပူဇော်အစီစဉ်၌ စိန့်ယူဖရေးစီးယားအား ရှေ့ဆုံးမှာ မစ္ဆားတရားပူဇော်ခြင်း၏ ပြင်ဆင်ရာမေတ္တာ၌ ပါဝင်စေသည်။
 
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
ရဟႏာၱ