#16 March 2021
#St.Heribert (Bishop of Cologne), စိန့်ဟီရီဘတ်
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
Posted by M Sulatthtwe
သူသည် ကူလွန်သာသနာ၌ နာမည်ကျော်စောသူ တစ်ဦးဖြစ်သည်။ စိန့်ဟီရီဘတ်သည် ဝမ်းမြို့၌ မွေးဖွားသည်။ သူသည်ဉာဏ်ထက်မြက်၍ အမြဲတမ်း လေ့လာသင်ကြားလိုစိတ်ရှိသည်။ သူသည် လိုရင်မြို့ရှိ ဘုန်းကြီးကျောင်းသို့ အပို့ခံရသည်။ ရသေ့များ၏ဘဝကို သဘောကျ၍ ရသေ့ကျောင်းသို့ ဝင်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဘက်နဒစ်တင်းရသေ့ကို အားကျခဲ့သူဖြစ်သည်။ သူ့အား ရဟန်းဘုန်းကြီးဘဝသို့ တင်မြောက်ကြ၍ ဝမ်းမြို့သို့ပြန်ခေါ်ကြသည်။
ဧက္ကရာဇ်မင်းအိုတို(၃)က စိန့်ဟီရီဘတ်အား အတိုင်ပင်ခံအဖြစ်ရွေးသည်။ အေဒီ ၉၉၈ ခုနှစ်၌ ဆရာတော်သိက္ခာခံယူသည်။ ထို့နောက် ကူလွန်ဂိုဏ်းချုပ်ဆရာတော် ဖြစ်လာသည်။ မိမိကိုယ်တိုင် မထိုက်ဘူးထင်ခဲ့သော်လည်း စိန့်ပီတာကာသီဒြယ်မှာ ခရစ္စမတ်အကြိုနေ့၌ ဆရာတော်ဘိသိတ်မင်္ဂလာခံယူသည်။ သူတာဝန်ထမ်းဆောင်နေရသော မင်းတိုင်ပင်ခံလုပ်ငန်းအတွက် ဝိညာဉ်ရေးထိခိုက် မပတ်သက်စေပါ။
ဧက္ကရာဇ်မင်းကြီးအိုတိုနှင့် အီတလီသို့ အလည်သွားရောက်စဉ် အိုတိုနောက်ဆုံးဘဝ နိဂုံးချုပ်ခဲ့သည်။ ဧက္ကရာဇ်မင်း၏ဆန္ဒအတိုင်း သူ၏အလောင်းအား (Aachan) အာချန်သို့ ယူဆောင်ကြ၍ ၎င်း၌သင်္ဂြိုလ်ကြသည်။ အိုတိုဆုံးသွားပြီး ဒူးဟင်နရီက ဆက်ခံသည်။ သူသည် ဟီရီဘတ်၏ လုပ်ဆောင်မှုအား တလွဲထင်ခဲ့သည်။ သို့သော် ဧက္ကရာဇ်မင်းလွဲမှားခြင်းအား ဟီရီဘတ်က ပါရမီအကျင့်သီလအားဖြင့် အောင်နိုင်ခဲ့သည်။ သူတို့နှစ်ဦးစလုံး လူထုရှေ့၌ ပြန်လည်သင့်မြတ်ခြင်း ပြုလုပ်သည်။
ရိုင်းမြို့နှင့် ဆန့်ကျင်ဘက်တွင် အိုတိုနှင့်အတူ ရသေ့ကျောင်းများ၊ ဘုရားရှိခိုးကျောင်းများ ဆောက်လုပ်ကြသည်။ ရှိသမျှပစ္စည်းဥစ္စာများ ဟီရီဘတ်သည် ဆင်းရဲသားများ၊ မကျန်းမမာသူများအား ပေးဝေလှူဒါန်းပြီး နှစ်သိမ့်အားပေးသည်။ တခါက မိုးခေါင်ခြင်းကျ၍ ဂိုဏ်းချုပ်ဆရာတော်ကြီးဟီရီဘတ်က နောင်တတရားနှင့်ဆိုင်သော စီတန်းလှည့်လည်ခြင်း၊ ဆုတောင်းခြင်းဖြင့် မြို့ထဲ၌ပြုလုပ်စေသည်။ အပြန်ခရီးတွင် စိန့်ဆေဗရီနိုစ်ဘုရားရှိခိုးကျောင်းသို့ ဝင်ကြ၍ ဆရာတော်ဟီရီဘတ်က နောက်ဆုံးဆုတောင်းမေတ္တာနှင့် ဘုရားအား အပ်နှံခဲ့သည်။ ဆရာတော်ကြီး ဆုတောင်းပြီး ဒူးထောက်ထလာသောအခါ ချက်ခြင်းတိမ်များစုကာ မိုးရွာသွန်းလာသည်။ ၎င်းနောက် တောင်သူလယ်သမားများ အသီးအနှံ စိုက်ပျိုးကြသည်။ သူသည် မိုးရွာရန်အတွက် ပတ္တနာပြုတိုင်တည်သည်။
သူသည် (Neuss) နေအုစ်သို့ အလည်သွားသောအခါ အဖျားဝင်၍ နောက်ဆုံးခရစ္စမားဆီလူးမှတ်ခြင်း ခံပြီးဆုံးသွားသည်။ သူ၏ရုပ်အလောင်းအား ဒူးမြို့၌ထားကြသည်။ သူ့ထံဆုတောင်းပတ္တနာ ပြုလုပ်သူများ တန်ခိုးလက္ခဏာ ရရှိကြသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)