Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#19 March 2021 #St.Joseph (Spouse of the Blessed Virgin Mary), စိန့်ဂျိုးဇက် #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe
စိန့်ဂျိုးဇက်သည် ခရစ်တော်သခင်၏ဖခင်၊ မယ်တော်မာရီးယား၏ ခင်ပွန်းသည် ဖြစ်သည်။ သံမာတေဦးနှင့် သံလူကား ဧဝံဂေလိကျမ်း ပထမနှင့် ဒုတိယ အခန်းကြီးများမှလွဲ၍ သူ့နာမည်မတွေ့ရပါ။
 
စိန့်ဂျိုးဇက်အကြောင်းကား Apocryphal ကျမ်း၌ စိတ်ဝင်စားစရာတွေ့ရသည်။ သူသည် ဘုရားတရားကြည်ညိုသူ၊ ရိုးသားဖြောင့်မတ်သူဖြစ်သည်။ မယ်တော်မာရီးယားနှင့် လက်ထပ်ချိန် သူသည် အသက်အရွယ်ကြီးပြီဖြစ်သည်။ စိန့်သောမတ်အကွိုင်းနက်၏ ရေးသားချက်အရ မာရီးယားနှင့် ဂျိုးဇက်တို့ နှစ်ဦးသဘောတူ ကတိထားပြီးမှ သိကြားမင်းဂါဗြီအဲလ် အမိန့်ပြန်ခဲ့သည်ဟုဆိုသည်။ 
 
စိန့်ဂျိုးဇက်သည် ခရစ်တော်ယေဇူးဗိမာန်တော်၌ ဆေးကြောခြင်း မင်္ဂလာခံချိန်ထိ ကျမ်းစာ၌ တွေ့ရသည်။ ထို့ကြောင့် ခရစ်တော်သခင် ဘုရားအမှုတော်ထမ်းသော အေဒီ (၃၃) နှစ်ထိ အသက်မရှင်ကြောင်း တွေ့နိုင်သည်။ သူသေဆုံးသောနေ့ရက်နှင့် သင်္ဂြိုလ်သောနေရာ အတိအကျမသိသော်လည်း သဒ္ဒါကြည်ညိုသူများက သူ့အားသတိယရကြ၍ ရာစုနှစ် (၄)မှာ ပွဲလုပ်ပေးကြသည်။ 
 
စိန့်ထရေဇားက စိန့်ဂျိုးဇက်အား သဒ္ဒါကြည်ညို၍ ကူညီသူအဖြစ် အားကိုးခဲ့သည်။ ကာမယ်လိုက်ဂိုဏ်းအား အသစ်ပြုပြင်ရာတွင် စိန့်ဂျိုးဇက်အား ကိုးစားခဲ့သည်။ ထို့ကြောင့် ၁၆၈၉ -ခုနှစ်၌ အသင်းဂိုဏ်းအောင်မြင်ခြင်းအတွက် ရဟန္တာအား ကိုးစား၍ ပွဲကျင်းပပေးခဲ့သည်။
 
ဗာတီကန်ပထမအစည်းအဝေးပြီး (၁၈၆၉ - ၁၈၇၀) ခုနှစ်၌ ဂိုဏ်းချုပ်ဆရာတော်အပါး (၃၀၀) တိုးကာ စိန့်ဂျိုးဇက်သည် အသင်းတော်ကြီးအား ကြည့်ရှုစောင့်ရှောက်သော ဖခင်ရဟန္တာကြီးအဖြစ် ကြေငြာစာတမ်း ထုတ်ပြန်ကြသည်။ ၁၈၇၀- ခုနှစ် ဒီဇင်ဘာလ (၈) ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီးပီအူးစ် (၉)က အသင်းတော်သို့ တရားဝင်ကြေညာလိုက်သည်။
၁၉၅၅-ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီးပီအူးစ် (၁၂)က စိန့်ဂျိုးဇက်သည် အလုပ်သမားများ ကိုးစားရာ ရဟန္တာအဖြစ် ကြေညာ၍ သူ့ပွဲနေ့သည် မေလ (၁)ရက်နေ့ဟု သတ်မှတ်သည်။ ကောင်းသောသေခြင်းနှင့် သေရန်၊ ဒုက္ခရောက်ချိန် ကူညီသူအဖြစ် ကိုးစားရန်ဖြစ်သည်။
 
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
ရဟႏာၱ