#20 March 2021
#St.Cuthbert (Bishop), စိန့်ကူးဘတ် (ဆရာတော်)
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
Posted by M Sulatthtwe
အင်္ဂလိပ်လူမျိုးဖြစ်သည်။ Northumbria ဇာတိဖြစ်သည်။ လူငယ်ဖြစ်သော်လည်း မာစီယားဘုရင်အား တိုက်ခိုက်ခဲ့သည်။ တိုင်းပြည်ငြိမ်းချမ်းရေး ရလာသောအခါ ရသေ့ကျောင်းသို့ဝင်သည်။ ရသေ့ကျောင်း၌ ပညာသင်ကြားရာတွင် လွယ်ကူစွာရသည်။ သန့်ရှင်းခြင်းပါရမီနှင့် ပြည့်ဝသည်။ တန်ခိုးလက္ခဏာများ ပြသနိုင်ခဲ့သည်။
ရစ်ပွန်ရှိရသေ့ကျောင်းမှာ ဧည့်သည်များအား တာဝန်ယူရသည့်တာဝန် ထမ်းဆောင်သည်။ ရစ်ပွန်မှ စိတ်ဓါတ်ကျနေသောရသေ့တစ်ချို့နှင့် မေရိုစ်သို့ ပြန်လာကြသည်။ ၆၆၄-ခုနှစ်၌ ရောမကျင့်ထုံးအတိုင်းလိုက်ရန် သဘောတူခဲ့သည်။ လင်းဒီဖန်အကြီးအကဲအဖြစ် ရွေးကောက်ခြင်းခံရသည်။
အိုင်ယာလန်နားမှာ အနားယူပြီး ၉-နှစ်လောက် ကြာသောအခါ ၆၈၅-ခုနှစ်၌ စိန့်တီအိုဒိုလက်ထက်မှ ဆရာတော်သိက္ခာ ခံယူခဲ့သည်။ လင်းဒီဖန်ဆရာတော်ကြီး ဖြစ်လာသည်။ သူသည် သန့်ရှင်းဖြူစင်ခြင်းပါရမီနှင့် ပြည့်ဝ၍ ဤပါရမီအားဖြင့် ဘာသာထဲလူအများကြီး ဝင်လာသည်။
စိန့်ကူးဘတ် ပျံလွန်တော်မူပြီး နှစ်ပေါင်း (၄၀၀)လောက်မှာ သူ့အလောင်းကို ဖော်ကြရာ အလောင်းတော်မပျက်စီးဘဲရှိကြောင်း တွေ့ရသည်။ အင်္ဂလန်ရှိလူများ သူသင်္ဂြိုလ်သည့်နေရာသို့ သွားရောက်ကြည်ညို ဆုတောင်းကြသည်။
ဟင်နရီအဌမမြောက်ဘုရင် ညှင်းပန်းနှိပ်စက်ချိန်မှာ ဤတန်ခိုးကြီးသော အလောင်းတော်သည် ဖျက်ဆီးခြင်းမခံ လွှတ်မြောက်သွားသည်။ အင်္ဂလန်ရှိ ဘေနဒီတင်းရသေ့များက အဆင့်ဆင့်ထိန်းသိမ်းထားခဲ့ကြသည်။ စိန့်ဟူးဘတ်သည် အရောင်းအဝယ် ပြုလုပ်သူများကိုးစားရာ ရဟန္တာဖြစ်သည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)