Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#23 March 2021 #St.Toribio De Mogrovejo (Bishop), စိန့်တိုရီဘီအူးစ် (ဆရာတော်) (1538 – 1606) #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe
စိန့်တိုရီဘီအုစ်သည် ဆာလာမာနာဂါးတက္ကသိုလ်၌ ဥပဒေဘာသာကို ပို့ချသောစာချပုဂ္ဂိုလ်ကြီး ဖြစ်သည်။ ဖိလစ်ဘုရင် (၂)က သူ့အား ပညာထူးချွန်၍ သန့်ရှင်းဖြောင့်မတ်သူဟု အသိအမှတ်ဂုဏ်ပြုခဲ့သည်။
 
၁၅၇၅-ခုနှစ်တွင် Granada ၌ တရားဥပဒေအရ စစ်ဆေးမေးမြန်းသူအဖြစ် တာဝန်ခန့်အပ်ခြင်းကို ဘုရင်ဖိလစ်(၂)က ပေးအပ်သည်။ သို့သော် သုံးနှစ်လောက်ကြာသောအခါ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့သည်။ ၁၅၈၀-ခုနှစ်၌ Peru ဆရာတော်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ 
 
သူ ၂၆-နှစ် သာသနာအမှုထမ်းချိန်မှာ Lima ၌ အသင်းတော်အား ဆန့်ကျင်တိုက်ဖျက်သည့် အချိန်နှင့်ရင်ဆိုင်ရသည်။ အသင်းတော်အား ဆန့်ကျင်ခြင်းကို ပြန်လည်ချေပရန် ခရီးထွက်၍ သွန်သင်ခဲ့သည်။ မိုင်ပေါင်း (၅)သောင်းလောက် ခြေလျှင်ခရီးသွား၍ လူအမြောက်အများ ဆေးကြောခြင်းမင်္ဂလာနှင့် ခရစ္စမတ်အားပေးခြင်း မင်္ဂလာအား ပေးခဲ့သည်။ ဆေးရုံများ၊ စာသင်ကျောင်းများ၊ ကွန်ဗင့်များ၊ ဘုရားကျောင်းများ ဆောက်လုပ်ပေးသည်။ ၁၅၉၁-ခုနှစ် အမေရိက၊ လီမာနယ်၌ သာသနာပြုအဖြစ် ပထမနာမည် ကျော်ကြားခဲ့သည်။
 
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
ရဟႏာၱ