Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#24 March 2021 #Sts.Simon of Trent and William of Norwich (Martyrs), စိန့်စီမုန်နှင့် စိန့်ဝီလျံ (ဓမ္မအာဇာနည်များ) #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe
၁၄၇၂-ခုနှစ်တွင် ဂျူးလူမျိုးများသည် သရင်းမြို့၌ရှိသောသူများအား သူတို့ (ပါစကား) ကျော်ဖြတ်ခြင်းပွဲအား သတိရသောအားဖြင့် ကလေးငယ် တစ်ယောက်အား ကွပ်မျက်ကြရန်ဖြစ်သည်။ သို့သော် ဆိုင်မွန် (Simon) ဆိုသူ ကလေးတစ်ယောက် အိမ်ပြင်ဘက်မှာ အထိန်းမရှိ ကစားနေသည်ကို တွေ့သည်။ တောဘီယားသည် ဆိုင်မွန်ကလေးငယ်အားဖမ်း၍ ခေါ်ဆောင်သွားသည်။ နှစ်နှစ်မပြည့်သေးသည့် ကလေးငယ်ဆိုင်မွန်သည် သူတစ်ပါးက ဖမ်းယူကြောင်းသိလို့ မိခင်အား တမ်းတငိုယိုခဲ့သည်။ သို့သော် တောဘီယားက ကလေးငယ်အား ငွေဒင်္ဂါးဖြူတစ်ခုပေး၍ ချော့ခေါ်သွားသည်။ ကြာသပတေးနေ့ကြီးညမှာ တောဘီယားသည် သူ့ဘုရားအား ပူဇော်ရန် စတင်ခဲ့သည်။ ကလေးငယ်ဆိုင်မွန်၏ ပါးစပ်အား အဝတ်စုတ်ထည့်၍ လက်နှစ်ဘက်အား ခရစ်တော်ယေဇူးကဲ့သို့ ကားတိုင်တည်၍ လှံနှင့်ထိုး၍ ပြောင်လှော်သရော်ကြသည်။ ခရစ်တော်ယေဇူးအား ကားတိုင်ပေါ်မှာ ပြန်သတ်သည့် အထိမ်းအမှတ်ပြုကြသည်။ ကလေးငယ်ခန္ဓာကိုယ်အား ဂျူးလူမျိုးများယူ၍ မြစ်ရေထဲသို့ပစ်ချကြသည်။ မကြာခင်မှာ တန်ခိုးတော်အားဖြင့် ထင်ရှားပြ၍ ကလေးငယ်၏ ရုပ်ပွားတော်အား ပြန်ရသည်။ သူ့အားသတ်သူ ဂျူးလူမျိုးတို့ကို အရေးယူ ဖမ်းဆီးကြသည်။ ကလေးငယ်ဆိုင်မွန်၏ မွန်မြတ်သော မွေတော်ဓါတ်တော်အား သရင်းမြို့ စိန့်ပီတာဘုရားရှိခိုးကျောင်း၌ထား၍ တန်ခိုးလက္ခဏာများ ထင်ရှားပြသခဲ့သည်။
 
ဝီလျံ (နော်ဝေ) သည်လည်း ကလေးသူငယ်တရားတော်အတွက် အသေခံသူဖြစ်သည်။ မိဘများသည် ရိုးသားဖြောင့်မတ်သော တောသူတောင်သားများ ဖြစ်ကြသည်။ မိခင်၏ရူပါရုံ၌ သူမ၏ကလေးငယ် ရဟန္တာဖြစ်ရမည်ကို ကြိုတင်မြင်ခဲ့သည်။ ကလေးငယ်သည် တပတ်လျှင်နှစ်ခါဝါရှောင်၊ အသားရှောင်ခြင်း၊ ဆုတောင်းမေတ္တာ ပြုလုပ်ခြင်းလုပ်သည်။ သူ့အသက် (၁၂)နှစ်အရွယ်တွင် တရားတော်အတွက် အသတ်ခံရသည်။ 
 
၁၁၃၇-ခုနှစ်၌ ပါစကားပွဲ မတိုင်မီမှာ ခရစ်တော်ကားတိုင်တင်သတ်ခြင်းကို မုန်းတီးသော ဂျူးလူမျိုးများက ကလေးငယ်ဝီလျံအား ဖမ်းဆီးခေါ်ဆောင်၍ ခရစ်တော်ကဲ့သို့ ကားတင်သတ်ကြသည်။ (၅)နှစ်တိုင် သူ့ခန္ဓာကိုယ် ပျောက်နေသည်။ ၅-နှစ်လွန်မှ သူ့ဓါတ်တော်မွေတော်အား ပြန်လည်တွေ့ရှိ၍ ကာသီဒြယ်မှာ မြုပ်နှံကြသည်။
 
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) 
ရဟႏာၱ