Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#25 March 2021 #The Annuciation of The Blessed Virgin Mary, သိကြားမင်းက မယ်တော်အား အမိန့်တော်ပြန်ခြင်း #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe
သိကြားမင်းဂါဗြီအဲလ်က မာရီးယားအား သားယောင်္ကျားဖွားမြင်မည့်အကြောင်း အမိန့်တော်ပြန်ခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲတော်မူ၏။ လူသားများကို ကယ်တင်ရန် ဘုရားသားတော်ဖြစ်သည်။ “ဂုဏ်ကျေးဇူးတော်နှင့် ပြည့်စုံတော်မူသော မာရီယား၊ သခင်မ၌ မင်္ဂလာရှိစေသတည်း။ ဘုရားသခင်သည် သခင်မ၌ ကျိန်းဝပ်တော်မူ၍ မိန်းမတကာတို့တွင် သခင်မသည် မွန်မြတ်ဆုံး ဖြစ်တော်မူ၏။”
 
မာရီယားသည် သိကြားမင်း၏နှုတ်ဆက်ခြင်းကြောင့် စိတ်ဒုက္ခရောက်နေသည်။ ကျွန်မမှာ ယောင်္ကျားမရှိ၊ မသိပါ။ သိကြားမင်းက ဘုရားတန်ခိုးအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်က ဖွားမြင်စေမည်ဟု မိန့်တော်မူ၍ မာရီးယားက ကျွန်မသည် ဘုရားသခင်၏ကျွန်မဖြစ်ပါသည်။ ဘုရားအလိုတော်အတိုင်း ပြည့်စုံပါစေဟု ပြန်ပြောသည်။ ၎င်းမှစ၍ ဘုရားသားတော်သည် မာရီးယား၌ ပဋိသန္ဓေတည်တော်မူ၏။
 
ဘုရားအမိန့်တော်တစ်ခွန်းအားဖြင့် ကမ္ဘာမိုးမြေ၊ နေ၊ လ၊ ကြယ်များ ဖန်ဆင်းတော်မူ၏။ မာရီးယား၏လက်ခံခြင်း အမိန့်တော်တစ်ခွန်းအားဖြင့် လူသားအားလုံး ကယ်တင်ရှင် ဖွားမြင်တော်မူသည်။ (St. Thomas Villanova) ဘုရား၏မယ်တော် ဖြစ်ရခြင်းသည် ဘုရားဖန်ဆင်းသည့် သတ္တဝါထဲမှာ အထွတ်မြတ်ဆုံးဖြစ်သည်။ မာရီးယားသည် ဘုရားနှင့်အနီးကပ်ဆုံး ထိတွေ့သူဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသားတော်ကိုယ်တိုင်ကို ဝမ်းဗိုက်မှာ ၉-လလွယ်ရသည့်အပြင် ပြုစုကျွေးမွေးရသည်။ သတ္တဝါဟူသမျှ ငြိမ်သက်ကြစေ၊ ကြောက်ရွံ့ကြစေ။ ဘုရားသခင်သည် မယ်တော်မာရီးယားအား ဘုရားဖန်ဆင်းသော သတ္တဝါများနှင့် တန်းတူထားခြင်းမှ သူတို့နှင့် မထိုက်တန်ပါ။ (St. Peter Damian)
 
မယ်တော်သည် St. Gertrude အား ထင်ရှားပြသောအချိန်မှာ “ဘယ်သူမဆို ကျွန်မအား ဘုရား၏မယ်တော်အဖြစ် အသိအမှတ်ပြုသူတိုင်း တောင်းသောဆုကျေးဇူးရစေမည်။ သူတို့ကို အမြဲကူညီမည်ဟု ပြောဆိုခဲ့သည်။ 
 
ရှေ့ဦးစွာ အမိန့်ပြန်သည့်ပွဲနေ့သည် ကနဦးပြက္ခဒိန်၌ “လူ့အဖြစ်ယူတော်မူသောပွဲနေ့ (သို့) ကယ်တင်ခြင်းအစပြုသောပွဲနေ့၊ ပဋိသန္ဓေယူသောပွဲနေ့ဟု ခေါ်ဆိုကြသည်။ မယ်တော်ပွဲသုံးခုထဲမှာ အရေးကြီးတစ်ခု ဧဖက်ဆုမြို့ သံဃာတော်အစည်းအဝေးမှာ မာရီးယားသည် ဘုရားမယ်တော်ဖြစ်ကြောင်း တစ်ကမ္ဘာလုံး ကြေညာခဲ့ကြသည်။
 
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
ရဟႏာၱ