Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#26 March 2021 #St. Ludger (Bishop), စိန့်လုဂျား (ဆရာတော်) #Fr.​​ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe
စိန့်လုဂျားသည် ဟော်လန်ပြည် ချမ်းသာကြွယ်ဝသူမိသားစုမှ မွေးဖွားလာသည်။ အသက် (၈)နှစ်အရွယ်တွင် စိန့်ဘော်နီဖေ့စ်အား တွေ့ဆုံခဲ့သည်။ စိန့်ဘော်နီဖေ့စ်သည် ဂျာမနီအတွက် တမန်တော်ဖြစ်သည်။ စိန့်ဂရေဂေါ်ရီ တည်ထောင်သောကျောင်း၌ ပညာသင်ယူခဲ့သည်။ မကြာခင် သူတော်မြတ် (Alcuin) အာလ်ကူအင် အမြဲလုပ်ငန်းအတူလုပ်ရန် မိတ်ဖွဲ့ခဲ့သည်။
 
အေဒီ ၇၇၇ ခုနှစ်တွင် စိန့်လုဂျားသည် ရဟန်းသိက္ခာခံယူပြီး ဖရီလင်အရှေ့ပိုင်းမှာ သာသနာပြုသွားခဲ့သည်။ စိန့်ဘော်နီဖေ့စ်သည် စိန့်လုဂျားအား ဒူကွန်မှာ သေဆုံးသွားကြောင်း တွေ့ခဲ့သည်။ (၇)နှစ် ကြာလာသောအခါ ဆေဆောန်များက ရုပ်ထုကိုးကွယ်ရန် လူများအားဟောကြား၍ ခရစ်တော်အား ယုံကြည်သူအား ညှင်းပန်းနှိပ်စက်သည်။ သာသနာပြုများအား နှင်ထုတ်၍ ဘုရားကျောင်းများအား မီးရှို့ဖျက်စီးကြသည်။ စိန့်လုဂျားသည် ထိုအချိန်မှာ ရောမတွင်နေ၍ ၇၈၇ခုနှစ် ချားလ်မင်းနန်းတက်သောအခါ ပြန်လာခဲ့သည်။ ဆေဆာန်များက ပါဝင်လှုပ်ရှားကူညီသောကြောင့် ရသေ့ကျောင်းများ ဖွင့်လှစ်ခဲ့သည်။
 
ဝေစ်ဖါလျား တမန်တော်ဟု နာမည်ကျော်ကြားသည်။ သူ၏မေတ္တာကရုဏာလုပ်ငန်းကို လူတိုင်းလက်ခံကြသည်။ စိန့်လုဂျားနောက်သို့ လူအမြောက်အများ လိုက်ကြသည်။ ရဟန်းသံဃာများအား ခွန်အားဖြစ်စေရန် အားပေးကူညီခဲ့သည်။ မသေခင် ငါးနှစ်မှာ ဆရာတော်ဘိသိတ်မင်္ဂလာခံယူသည်။
 
#Fr.​​ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

 

 
 
 
ရဟႏာၱ