#27 March 2021
#St. John of Egypt (Hermit), စိန့်ဂျွန် (ရသေ့)
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
Posted by M Sulatthtwe
ဂျွန်သည် အသက် (၂၅)နှစ်အထိ ဖခင်နှင့် လက်သမားအလုပ်ကို လုပ်ခဲ့သည်။ ဆုတောင်းနေစဉ် ဘုရားသခင်ခေါ်သံကြား၍ လုပ်ငန်းများအားလုံးထားခဲ့၍ သဲကန္တာရ၌ တရားကျင့်ခဲ့သည်။ သူ့အကြီးအကဲက အမျိုးမျိုးစမ်းသပ်ခဲ့သည်။ နားထောင်ခြင်းပါရမီကို စမ်းသပ်ရာတွင် ခြောက်ပြီးသား၊ သေပြီးသားသစ်ပင်ကို ထိန်းသိမ်းကြည့်ရှုစေသည်။ အကြီးအကဲခိုင်းသည့်အတိုင်း ပြန်ပြောခြင်းမရှိဘဲ ကြည့်ရှုစောင့်ရှောက်ခဲ့သည်။ ကလေးသူငယ်ကဲ့သို့ ရိုးသားစွာ နားထောင်ခဲ့သည်။
(၁၆)နှစ် လေ့ကျင့်ပြီး ဘုရားသခင်ကို အပြီးအပိုင်အပ်နှံ၍ စဉ်းစားခဲ့သည်။ မိမိကိုယ်ကိုသိလေ ပို၍ဒုက္ခများလေဖြစ်သည်။ နှစ်ပေါင်း (၅၀)ပြည့်သောအခါ လူပုဂ္ဂိုလ်တစ်ဦးမျှ မတွေ့မြင်ခဲ့ချေ။
St. Augustine စိန့်ဩဂုတ်စတင်း ပြောသည်ကား နတ်ဆိုးက စိန့်ဂျွန်အား နှောက်ယှက်ရန် ကြိုးစားခဲ့သည်။ သို့သော် မအောင်မြင်ဘဲ စိန့်ဂျွန်သည် ဆုတောင်းခြင်းမပျက် ပြုလုပ်ခဲ့သည်။ ဆုတောင်းခြင်းအမှု ပြီးဆုံးသွားသောအခါ မကျန်းမမာသူများ ကုသနိုင်စွမ်း၊ ကြိုတင်ဟောပြောနိုင်ခြင်း ကျေးဇူးနှင့် လူများအလယ်သို့ ပြန်လာသည်။ တပတ်နှစ်ခါ သူပြူတင်းပေါက်မှ လူနာများကုသခြင်း၊ တရားဟောခြင်း၊ တင်ကူးဟောပြောခြင်းများ ပြုလုပ်ခဲ့သည်။ ဦးပဉ္စကြီးတစ်ပါးသည် သူ့အား ဒူးထောက်ရှိခိုး၍ လက်အားနမ်းသည်။ ဧက္ကရာဇ်မင်းကြီး သီအိုဒိုဆီ အောင်မြင်ခြင်းနှင့် သေရမည့်အကြောင်းအား ကြိုတင်ဟောကိန်းထုတ်ခဲ့သည်။
အေဒီ ၃၉၄ ခုနှစ်၌ ဒူးထောက်၍ ဆုတောင်းမေတ္တာပြုရင်း ဘုရားသခင် ပြန်လည်သိမ်းပိုက်ခြင်း ခံခဲ့သည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
ရဟႏာၱ