#28 March 2021
#St. Sixtus III (Pope), စိန့်စစ္စတူး (၃)
#Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
Posted by M Sulatthtwe
စိန့်စစ္စတူးသည် ရောမလူမျိုးဖြစ်သည်။ အေဒီ ၄၃၂ ခုနှစ်၌ ပုပ်ရဟန်းမင်းကြီး စိန့်ဆေလေးစ်တင်းအား ဆက်ခံသည်။ သူ့ကို စိန့်ဩဂုတ်စတင်းဟုလည်း ခေါ်သည်။ သူရဟန်းမင်း ဖြစ်လာသောအချိန်မှာ စိန့်ပရောစပါအားကွင်းတင်းရေးထားသည့် ငါတို့သည် ဘုရားသခင် စောင်မကာကွယ်ခြင်းကို အားကိုးပါ၏။ အင်နိုဆင်၊ ဂျေဂျစ်မှုစ်ဘောနီဖက်တို့အပေါ် ပြုမူသကဲ့သို့ စစ္စတူးအပေါ်လည်း ပြုလုပ်မည်။ သိုးများကို ထိန်းကျောင်း၍ ဝံပုလွေများအား တိုက်ခိုက်တွန်းလှန်ရင်း ဘုရားသခင် ကူညီမည်။
ဧဖက်ဆုသံဃာတော်အစည်းအဝေးကြီး၌ ခရစ်တော်၏လူ့အဖြစ်၊ ဘုရားအဖြစ်တော်နှစ်ပါးအား သဘောထားကွဲလွဲသည်။ အလက်ဇန္ဒြားမှ စီရီနှင့် အန်တီအိုမှ ဂျွန်တို့အား ပြန်လည်သင့်မြတ်ရန် အားပေးခဲ့သည်။ စီရီနှင့် ဂျွန်တို့သဘောတူညီမှု ရရှိသောအခါ ဝမ်းမြောက်ကြောင်း စာချွန်တော် ပို့သလိုက်သည်။
ဗိမာန်တော်ကြီးလည်း ဆောက်လုပ်ခဲ့သည်။ ယခု St. Mary Major ဟုခေါ်သည်။ မြို့ရိုးအပြင်ဘက်မှာ စိန့်လောရင်း St. Laurance ဘုရားကျောင်းတော်ကြီးအား ဆောက်လုပ်သည်။ သူဆုံးသွားသောအခါ St. Laurance ဘုရားရှိခိုးကျောင်းမှာ မြုပ်နှံသင်္ဂြိုလ်ကြသည်။ ၉-ရာစုတွင် ရောမ၌ တရားတော်အတွက် အသတ်ခံရသည်။ သူ့ရာဇဝင်၌ ပါဝင်ရေးသားကြသည်။
#Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
ရဟႏာၱ