#29 March 2021
#St. Rupert (Bishop of Salzburg), စိန့်ရူပါး (ဆာလ်ဘတ်ဆရာတော်)
#Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
Posted by M Sulatthtwe
သူသည် ဖရင့်၊ အိုင်းရစ်လူမျိုးဖြစ်သည်။ သူ့အား ဂဲလစ်နာမည်အားဖြင့် ရောဘတ်ဟုခေါ်သည်။ သူ၏သာသနာပြုလုပ်ငန်းမစတင်မီ ဆရာတော်သိက္ခာ ခံယူသည်။
အေဒီ ၆၉၇ ၌ နောက်လိုက်တပည့်များနှင့် တီအိုဒိုရှေ့၌ အခွင့်မရဘဲ တရားဒေသနာ ဟောပြောကြသည်။ တီအိုဒိုသည် စိန့်ရူပါးနှင့်အဖွဲ့အား လက်ခံကြိုဆိုရုံသာမက တရားဟောခွင့်ပေး၍ သူကိုယ်တိုင် တရားနာယူခဲ့သည်။ တန်ခိုးတော်အားဖြင့် ဟောပြောခြင်းတရားအား ထင်ရှားစေသည်။ ဒူကီလူမျိုးများသည် အမြောက်အများ ဆေးကြောခြင်းခံ၍ သူ့နောက်လိုက်ကြသည်။ သူတို့၏ဘုရားကျောင်းသည် ခရစ်ယာန်ဘုရားကျောင်းသို့ ပြောင်းလဲကြသည်။ ဘုရားကျောင်းဆောင်များ တိုးချဲ့ဆောက်လုပ်ကြ၍ တပြည်လုံးနီးပါး ခရစ်ယာန်ဖြစ်လာကြသည်။
စိန့်ရူပါးသည် ဂျူဗါဝုမ်းမြို့၌ ကျောင်းထိုင်လုပ်သည်။ ဒူကီလူမျိုးတို့က သူ့အား (Salzburg) ဆာလ်ဘက်နာမည်ပေးကြသည်။ ၎င်းနေရာ၌ ရသေ့ကျောင်း၊ စာသင်ကျောင်းများ ဆောက်လုပ်ပေးသည်။ ဘုရားကျောင်းဆောက်လုပ်၍ စိန့်ပီတာဘုရားကျောင်းဟုခေါ်သည်။
သူသည် စစ္စတာရ်ကျောင်းများ ဖွင့်လှစ်၍ နိုဘတ်မြို့၌ ဖွင့်သောကျောင်းတွင် ညီမတော်သူ စိန့်အင်ရေထရုဒီစ် (St. Erentrudis) ကိုလက်ခံသည်။ သူမသည် ပထမဆုံး ၎င်းကျောင်း၏အကြီးအကဲ ဖြစ်လာသည်။ အဆောက်အဦးများ မြောက်များစွာဆောက်သည့်အပြင် သာသနာပြုလုပ်ငန်း၌ ဆေးကြောခြင်း အမြောက်အများပေးခဲ့သည်။ အေဒီ ၇၁၀-ခုနှစ်တွင် ဆာလ်ဘတ်၌ ကွယ်လွန်ခဲ့သည်။ စိန့်ရူပါးပွဲနေ့သည် အိုင်ယာလန် ဩစတြားနှင့် ဘာဗာရီယားတွင် ထင်ရှားကျော်ကြားသည်။
#Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
ရဟႏာၱ