ပြင်သစ်ပြည် အရှေ့တောင်ပိုင်းရှိ ဒေါဖင်ဇာတိဖြစ်သည်။ အသက် ၂၅-နှစ်အရွယ်တွင် ကာနွန်ဥပဒေကို အမြဲစောင့်ထိန်းသူဖြစ်သည်။ အသင်းတော်အား ကာကွယ်ရာတွင် စိန့်ဂရေဂေါ်ရီ (၇)အား အမြဲထောက်ခံခဲ့သည်။ စိန့်ဟူးချ်သည် ကြည်ညိုခြင်းဆိုင်ရာကို (၃)နှစ်တိုင် ကြိုးစားသွန်သင်ခဲ့သည်။ သို့သော် အောင်မြင်မှုသိပ်မရခဲ့ပါ။ နတ်ဆိုးသည် အသင်းတော်၌ အမျိုးမျိုးလှုပ်ရှားခဲ့သည်။
၁၀၈၂-ခုနှစ်တွင် စိန့်ဟူးချ်သည် သူ၏ရာထူးမှနှုတ်ထွက်ပြီး ရသေ့ကျောင်းသို့ ဝင်သည်။ သို့သော် ပုပ်ရဟန်းမင်းကြီး ဂရေဂေါ်ရီ(၇)သည် သူ့အား ပြန်လာပြီး အလုပ်ပြန်လုပ်ရန် ဖိတ်ခေါ်သည်။
၁၀၈၄-ခုနှစ်၌ စိန့်ဟူးချ်ကိုယ်တိုင် စိန့်ဘရူးနိုးနှင့် အပေါင်းပါ(၆)ယောက်တို့သည် အာလ်ဖင်၌ သွားရောက်တရားဟော၍ ရသေ့ကျောင်းတစ်ကျောင်း တည်ဆောက်ခဲ့ကြသည်။ ၎င်းကျောင်းကို Grande Chartreuse ဟုခေါ်ကြသည်။
စိန့်ဟူးချ်သည် ရသေ့ကျောင်းအား အမြဲလာရောက် လည်ပတ်ခဲ့သည်။ ရသေ့များကျင့်စဉ် ဆင်းရဲခြင်းပါရမီ၊ ဆုတောင်းမေတ္တာဘဝ၊ တကိုယ်တည်းတိတ်ဆိတ်စွာကျင့်နည်းကို လာရောက်သင်ကြားပေးသည်။ မိမိကိုယ်တိုင်ကျင့်သည့်အကျင့် ဝါရှောင်၊ အစားအစာ အသားရှောင်ခြင်းသည် ဝိညာဉ်ရေးလမ်းညွှန် ဘုန်းတော်ကြီးဘရူးနိုးအား ကျေနပ်စေသည်။ ဆင်းရဲသားများအား ကယ်ဆယ်ရန် ရွှေဖလား၊ ရွှေလက်စွပ်များကို စီစဉ်ရောင်းချပေးသည်။ သူသည် ခြေလျှင်ဖြင့် အမြဲခရီးသွားလေ့ရှိသည်။ သူ၏ဆုံးဖြတ်ချက်များသည် လူတိုင်းလက်ခံနိုင်ကြသည်။
၁၁၃၂-ခုနှစ် အသက်(၄၀)နှစ်တွင် ကျန်းမာရေးချို့တဲ့၍ သေဆုံးသွားသည်။ သူသေဆုံးပြီး (၂)နှစ်အကြာတွင် အသင်းတော်က ရဟန္တာအဖြစ် တင်မြောက်သည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)