Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#2 April 2021 #St. Francis of Paola, စိန့်ဖရန်စစ် (ပါအိုလာ) (1416 – 1507) #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe
ရောဘတ်မာတောလေလာသည် အီတလီတောင်ပိုင်း ပါအိုလာ ကလဘရီယာမှာ မွေးဖွားသည်။ မိဘနှစ်ပါးသည် ဘုရားတရားကြည်ညို၍ သန့်ရှင်းဖြူစင်သူများ ဖြစ်ကြသည်။ ကလေးငယ်ရွယ်စဥ်က မျက်စိနာ၍ စိန့်ဖရန်စစ်အား ဆုတောင်းစေ၍ အကယ်၍ ကလေးရောဂါသက်သာ၍ ပျောက်ကင်းပါက စိန့်ဖရန်စစ်အသင်းဂိုဏ်းမှာထားရန် ကတိထားကြသည်။ တစ်နှစ်အရွယ် ကလေးငယ်သည် မျက်စိရောဂါ ပျောက်ကင်းသဖြင့် မိဘများက ဖရန်စစ္စကင်းရသေ့ကျောင်းမှာ ထားခဲ့ကြသည်။ အသက် (၁၉)နှစ်အရွယ်မှာ ရသေ့ကျောင်းမှာ စံပြနာမူနာဖြစ်သည်။ သူ၏နှိမ့်ချခြင်းပါရမီ၊ ဆုတောင်းမေတ္တာအား ချစ်မြတ်နိုးခြင်းတို့သည် သူတပါးထက် ထူးခြားသည်။ တစ်နှစ်ပြည့်သောအခါ ဘုရားတရားကြည်ညိုသောမိဘများနှင့်အတူ ရောမရှိ ဖရန်စစ်အစီစီ ဘုရားပုထိုးများအား လေ့လာရန် ဘုရားဖူးသွားခဲ့ကြသည်။ ရောမမှပြန်လာပြီး ရောဘတ်သည် ဖရန်စစ်နာမည်ယူသည်။ ဆုတောင်းမေတ္တာဘဝအား ကျင့်သုံးရန် (၆)နှစ်လုံးလုံး တစ်ဦးတည်းကျောက်ဂူ၌ ဆုတောင်း၍ နေလေသည်။
 
၁၄၃၅-ခုနှစ်၌ သူ၏ကျင့်စဉ်ကို သဘောကျသောသူနှစ်ဦး လာ၍ပေါင်းကြ၏။ ဘုရားကျောင်းကိုလည်း ဆောက်လုပ်ကြသည်။ ၎င်းအချိန်မှစ၍ ဖရန်စစ်၏ဂူနေရသေ့များ အစပြုလာသည်။ အငယ်ဆုံးသော ဘုရားသခင်၏အိမ်တော်ဟု နာမည်ကျော်ကြားခဲ့သည်။ ရသေ့များ တိုးတက်လာကြသည်။ ၁၄၅၄-ခုနှစ်တွင် ရသေ့ကျောင်းများ မြောက်များစွာ ဆောက်လုပ်ခဲ့ကြသည်။ အလှူရှင်များလည်း အများကြီး ပေါ်လာကြသည်။ စိန့်ဖရန်စစ်သည် တန်ခိုးလက္ခဏာများ ပြသနိုင်ခဲ့သည်။ ပရောဖက်ဉာဏ်ကဲ့သို့ ကြိုတင်ဟောပြောနိုင်သည်။ ရောဂါအမျိုးမျိုး ပျောက်ကင်းစေရုံသာမက သေသောသူများလည်း ပြန်လည်ရှင်ပြန်စေနိုင်သည်။ 
 
မထင်ရှားသောဘဝဖြင့် သူ၏ ဥပဒေသများ ကြီးမားလှသည်။ နှစ်ပေါင်း (၅၇)အထိ ရေးသားခြင်းမရှိဘဲ လိုက်နာကျင့်သုံးကြသည်။ အဓိကသော့ချက်ဖြစ်သောအချက်မှာ မေတ္တာကရုဏာလုပ်ငန်း၊ ဆင်းရဲခြင်းပါရမီတို့ ဖြစ်သည်။ ခြိုးခြံဝါရှောင်ရာ၌ အသားဟူသမျှ ရှောင်ရုံမက တိရိစ္ဆာများမှ ထွက်သော နို့၊ ထောပတ်၊ ဥများလည်း ပါဝင်သည်။ အစပထမ၌ ရသေ့ကျောင်းတစ်ကျောင်း၌ ရဟန်းဘုန်းကြီးတစ်ပါးသာရှိသည်။
အသင်းဂိုဏ်းတိုးတက် များပြားလာသည့်အတွက် အီတလီတောင်ပိုင်း စီဆီလီ၌ ဖရန်စစ်သည် ဒုတိယအော်ဒါ (Second Order)နှင့် တတိယအော်ဒါ (Third Order)များ တည်ဆောက်ပေးခဲ့သည်။ ဒုတိယအော်ဒါ (Second Order) သည် သီလရှင်များအတွက်ဖြစ်သည်။ ကွန်ဗင့်ကျောင်းများစွာ တည်ထောင်သည်။ သူသေပြီး မကြာခင် ကွန်ဗင့်ကျောင်း (၄၀၀)ကျော် တည်ဆောက်ကြသည်။ အီတလီ၊ ပြင်သစ်၊ ဂျာမနီများ၌ ဖရန်စစ္စကင်အော်ဒါသည် ပျံ့နှံ့ကျော်ကြားလာသည်။ သို့သော် ဒုက္ခဆင်းရဲခြင်း၊ နှိပ်စက်ခြင်းလည်းခံရသည်။ King of Naples နေပေါလ်၏အကျင့်ပျက်စီးမှုအား ဖရန်စစ်ကိုယ်တိုင် ဆုံးမပြောဆိုခဲ့ဘူးသည်။ ဘုရင်ကနှိပ်စက်ခြင်းအား ဆက်လက်ပြုလုပ်ခဲ့သည်။ 
 
ဖရန်စစ်ဂိုဏ်း၏ကျင့်စဉ်နှင့် တန်းခိုးကြီးခြင်းကို ပြင်သစ်ဘုရင်လူးဝစ် (၁၁)က ကြားသိခဲ့သည်။ မသေခင် ကုတင်ပေါ်ရောက်နေသည့်အချိန်မှာ ဘုရင်က ဖရန်စစ်အား ဆုတောင်းပေးရန် တောင်းဆိုသည့်အတွက် ပုပ်ရဟန်းမင်းကြီးက ၁၄၈၂-ခုနှစ်၌ ဖရန်စစ်အား အခွင့်ပေး၍ သွားရောက်ကြည့်ရှုစေသည်။ ဘုရင်လူးဝစ်သည် ရောဂါမပျောက်ကင်းနိုင်ကြောင်း သိသောကြောင့် သန့်ရှင်းစွာသေနိုင်ရန် နောင်တယူ၍ ပြင်ဆင်ရန် ပြောဆိုသည်။ လူးဝစ်ဘုရင်အား ဆက်ခံသူချားလ်စ် (၈)နှင့် လူးဝစ်(၁၂)က ဖရန်စစ်အား ပြင်သစ်ပြည်မှာနေထိုင်၍ ကျင့်ရန်အခွင့်ပေးသည့်အတွက် ဖရန်စစ်သည် ပြင်သစ်ပြည်၌ (၂၅)နှစ်နေခဲ့သည်။ ၁၅၀၇-ခုနှစ် သက်တော် (၉၁)နှစ် သောကြာနေ့ကြီးမှာ သေဆုံးသွားသည်။ (၁၂)နှစ်ကြာသောအခါ ပုပ်ရဟန်းမင်းကြီးလေအို(၁၀)က ရဟန္တာတင်မြောက်သည်။ ၁၅၆၂-ခုနှစ် ဖရန်စစ်၏ခန္ဓာတော်သည် ပျက်စီးခြင်းမရှိဘဲ ပကတိအတိုင်းရှိကြောင်း သင်္ဂြိုလ်တွင်း၌ တွေ့ရသည်။
 
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

 

 
 
 
ရဟႏာၱ