#3 April 2021
#St. Richard of Chichester, စိန့်ရိချက် (ချီချဲစ်တာ)
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
Posted by M Sulatthtwe
ရိချက်ဒေဝေချ်သည် ဝေချဲစ်တာဇာတိဖြစ်သည်။ ကာနွန်ဥပဒေ ကျွမ်းကျင်တတ်မြောက်၍ အေစ်ဖောယူနီဗါစတီမှာ စာတည်းဖြတ်သူအဖြစ် နေခဲ့သည်။ ကန်တာဘိုရီမြို့၌ ဂိုဏ်းချုပ်ဆရာတော်၏ အတိုင်ပင်ခံအဖြစ်နေသည်။ စိန့်အေမာတ်နှင့်လည်း ခင်မင်ရင်းနှီးခဲ့သည်။ အဌမမြောက်ဟင်နရီဘုရင်၏ ညှင်းပန်းနှိပ်စက်ချိန်မှာ ဂိုဏ်းချုပ်ဆရာတော်ကြီးနှင့်တကွ ပြင်သစ်ပြည်သို့ ပြည်နှင်ဒဏ်ပေးခြင်းခံရသည်။
၁၂၄၄-ခုနှစ်၌ ရိချက်အား ဆရာတော်အဖြစ် ရွေးကောက်ခဲ့ကြသည်။ လေယွန်မြို့မှာ ပုပ်ရဟန်းမင်းကြီး အင်နိုဆင့်(၄)က ဘိသိတ်မင်္ဂလာပေးသည်။
စိန့်ရိချက်သည် ရိုးသားစွာအသက်ရှင်ရုံမက သူပိုင်ပစ္စည်းများ ဆင်းရဲသားများအား အမြဲဝေငှသည်။ ရဟန်းဘုန်းတော်ကြီးများ၏ ဘဝအသက်တာကို နှစ်တိုင်းတင်ပြခိုင်းသည်။ လိုအပ်တာတွေကို အမြဲကူညီဖြည့်စွက်ပေးလေ့ရှိသည်။ ထို့ကြောင့် သာသနာ (Diocese) အတွင်း ညီတူညီမျှ တိုးတက်လှုပ်ရှားမှုများ ဆရာတော်ရိချက်လက်ထက် ဆောင်ရွက်နိုင်သည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
ရဟႏာၱ