#4 April 2021
#St. Isidore of Servive, စိန့်အီစီဒို
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
Posted by M Sulatthtwe
စိန့်အီစီဒိုသည် ချမ်းသာကြွယ်ဝသော ရောမလူမျိုးဖြစ်သည်။ စပိန်ပြည် ကာတာဂျေနာမှာ နေထိုင်ခဲ့သည်။ သူသည် စိန့်လင်ဒါ၏ ညီအငယ်ဆုံးဖြစ်သည်။ သူသည် အစ်ကိုနေရာ (Seville) ဆီဗဲလ်မြို့၌ ဂိုဏ်းချုပ်ဆရာတော်အဖြစ် တာဝန်ယူရန် ၅၉၉-ခုနှစ်၌ အမိန့်တော်ချမှတ်ခံရသည်။ ၎င်းနေရာ၌ နှစ်ပေါင်း ၃၇-ခုနှစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ စပိန်ကို အုပ်ချုပ်သောမင်းကြီးလည်း သူ့လက်ထက်မှာ ကက်သလစ်အသင်းတော်သို့ ဝင်ရောက်၍ ဆေးကြောခြင်းခံခဲ့သည်။
အသင်းတော်၏ဥပဒေများပြုပြင်၍ ရသေ့ (Monasticism) ကျောင်းများ အားပေးခဲ့သည်။ ၆၃၃-ခုနှစ်က ကျင်းပသည့် သံဃာတော်အစည်းအဝေးသည် အရေးကြီးသည်။ (Toledo) တိုလေဒို၌ ကျင်းပသောအစည်းအဝေး၌ ရဟန်းဖြစ်သင်ကျောင်း၌ ဂရိတ်ဘာသာ၊ ဟီဘရူးဘာသာ၊ ဥပဒေဆေးဘက်ဆိုင်ရာ သင်ယူလေ့ကျင့်ခြင်းအား အားပေးခဲ့သည်။ စိန့်အီစီဒိုကိုယ်တိုင် ပညာပါရမီထူးချွန်သူဖြစ်သည်။ ဖီလော်ဆော်ဖီ (ဒဿနိက) ပညာနှင့် လာတင်း (Latin)ဘာသာ ကျွမ်းကျင်သူဖြစ်သည်။ စပိန်ဘာသာဖြင့် မစ္ဆားစာအုပ်၊ ရဟန်းများနေ့စဉ် ဆုတောင်းစာအုပ်များ (Breviary) နှင့် (Mozarabic) မိုဇမ်ရာဘိတ် ဝတ်ပြုနည်းများ ရေးသားခဲ့သည်။ သူပြုစုသော စာအုပ်များအနက် (Etymology) စကားအရင်းအမြစ် ပညာစနစ်ကျမှုသည် နာမည်အကျော်ကြားဆုံးဖြစ်သည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
ရဟႏာၱ