#6 March 2021
#St. Celestine I, စိန့်ဆေလက်စတင်း (၁)
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
Posted by M Sulatthtwe
သူသည် ရောမအသင်းတော်အား ကာကွယ်ခဲ့သည်။ စံနမူနာယူစရာဖြစ်သည်။ အထူးသဖြင့် ရောမရှိ ရဟန်းဘုန်းတော်ကြီးများအား စံနမူနာပြသည်။ ဗီ ၄၂၂ ခုနှစ်တွင် ရဟန်းမင်းကြီး (Boniface I) ဘောနီဖေ့စ် (၁)အား ဆက်ခံခဲ့သည်။
စိန့်ဩဂုတ်စတင်း၏ သူငယ်ချင်းကောင်းဖြစ်သည်။ ကျေးဇူးတော် (grace) နှင့်ပတ်သက်သည့် (Doctrine) ယုံကြည်ရာအား အမြဲကာကွယ်သည်။ စိန့်ဆေရီ (အလက်ဇန္ဒြီးယား) သည် ကွန်စတန်တီနိုပယ်မြို့က ဆရာတော်နေစတိုရီအိုစ်၏ (Bishop Nestorius) မှားယွင်းသောသွန်သင်ခြင်းအား ထောက်ပြ၍ အေဒီ ၄၃၁ခုနှစ် အေဖက်ဆာမြို့ (Ecumernical Council) အီကွေမေနီကာ ကောင်စီအစည်းအဝေးမှာ နေစတိုရီအိုစ်အား အသင်းတော်အပြင် အသင်းတော်မှ နှင်ထုတ်ရန် ဆုံးဖြတ်အကြံပေးသည်။
စိန့်ဆေလက်စတင်း (၁)က စိန့်ဂျာမနိုအား ၄၂၉-ခုနှစ်၌ ဘရစ်တင်သို့စေလွှတ်၍ အမှားအယွင်းရှိသူ ပါးရှားလူတို့အား တိုက်ခိုက်ရန် စေလွှတ်ခဲ့သည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
ရဟႏာၱ