ဂုဏ်ပြုချီးမြှင့်ခြင်းခံ၍ အသက်(၂၇)နှစ်အရွယ်၌ ရဟန်းသိက္ခာခံယူခဲ့သည်။ သူသည် သန့်ရှင်းဖြူစင်ခြင်း၊ နှိမ့်ချခြင်းပါရမီနှင့် ပြည့်စုံသည်။ ဆင်းရဲသားများ ချစ်ခင်မြတ်နိုးသူဖြစ်သည်။ သူ့ဘဝ၌ကလေးသူငယ်၊ ဆင်းရဲသားများ ချစ်ခင်ခြင်းဖြင့် သက်သေပြသသည်။
၎င်းအချိန်မှာ ပြင်သစ်ပြည်၌ ဂျေဆင်များက ကြီးစိုးနေသည်။ စစ်ဘေးဒုက္ခသည် အနှံ့အပြားရှိ၍ ငတ်မွတ်ခေါင်းပါးခြင်း၊ အိမ်ယာမြေအားလုံး ပျက်စီးကုန်သည်။ စာသင်ကျောင်းများ ပျက်စီးခြင်း၊ ဆေးရုံများပျက်စီးခြင်းစသည့် လူတွေဒုက္ခပေါင်းစုံနှင့် ကြုံတွေ့နေရသည်။ ထိုအချိန်မှာ စိန့်ဂျွန်ဒေလာဆာလ်သည် ကလေးသူငယ်များ ပညာရေးအတွက် (Reims) ရိမ်းမြို့မှာ အခမဲ့ပညာသင်ကျောင်းနှစ်ကျောင်း ဖွင့်လှစ်ပေးသည်။ သူကိုယ်တိုင်သင်ပေးခြင်း၊ မိမိအိမ်၌ကျွေးမွေး၍ အစပြုသင်ပေး၍ ၎င်းမှအရင်းတည်၍ စာသင်ကျောင်းများစွာဖွင့်ခဲ့သည်။
ထိုအချိန်မှစ၍ Brothers of Christian School စတင်သည်။ ၁၆၈၀- ခုနှစ်၌ အခြေခံမူများ ရေးဆွဲသတ်မှတ်၍ စိန့်ဂျွန်ဒေလာဆာလ်ကျောင်းအား ဘရာသာရ်များ ဦးဆောင်ပညာပေးမေတ္တာခိုလှုံရန် နေရာဖြစ်လာသည်။ နှောက်ယှက်ခြင်းအမျိုးမျိုး၊ စစ်ဘေးဒုက္ခအမျိုးမျိုးကြားမှ လွတ်မြောက်အောင်မြင်လာ၍ ဘုရားသခင်စောင်မတော်မူခြင်းဖြင့် ယနေ့ဘရာသာရ်ဂိုဏ်းတစ်ခုအဖြစ် ရပ်တည်သည်။ အသင်းတော်အား ပညာရေးမှာ အစေခံကြသည်။
စိန့်ဂျွန်ဗတ္တိဒေလာဆာလ်သည် အမြော်အမြင်ကြီးစွာနဲ့ လူသားများအခြေခံပါရမီလိုအပ်ချက်အား ခေတ်နှင့်အညီ စတင်ဆောင်ရွက်ပေးခဲ့သည်။ သူတည်ထောင်၍ ဦးဆောင်မှု၌ ရဟန်းဘုန်းတော်ကြီးများမပါဘဲ ဘရာသာရ်များသာရှိသည်။ Latin text လက်တင်ဘာသာအားဖြင့် သင်ယူခွင့်ပြု၍ ကမ္ဘာအဆင့်ဘာသာရေးပညာ၊ ကျင့်စဉ်အားလုံးကျောင်းသား/ သူများသာမက မိဘများအသိနားလည်လာကြသည်။
အရည်အချင်းမြင့်မားရန် ငွေပေးနိုင်သူများအတွက် အထူးကောင်းမွန်သည့် ဘော်ဒါကျောင်းလည်း သီးသန့်ဖွင့်လှစ်ပေးသည်။ ၎င်းကျောင်းအား ကောလိပ်ပညာအဆင့်အထိ မြှင့်တင်နိုင်သည်။ ဆရာအတတ်သင်ကျောင်း၊ သင်တန်းကျောင်းအမျိုးမျိုး ဖွင့်လှစ်နိုင်သည်။ ဘာသာရေးဆိုင်ရာစာအုပ်များ၊ ဆုတောင်းမေတ္တာစာအုပ်၊ ကမ္မဌာန်းရှုနည်းစာအုပ်၊ ဝိညာဉ်ရေးဆိုင်ရာ စာအုပ်အမျိုးမျိုးထုတ်လုပ်ပေးသည်။ သူသည် ဆရာသမားများ၏ ရဟန္တာကြီးဖြစ်သည်။
#Fr.ဒေါမိနစ်နစ်ကုန်ကုန် (ဘာသာပြန်)